Showing posts with label ဗီယက်နမ်. Show all posts
Showing posts with label ဗီယက်နမ်. Show all posts

Friday, December 9, 2022

ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ် သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး

DVB
December, 2022

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဗီယက်နမ်က Haduco ဆိုတဲ့ ရေနံကုမ္ပဏီတွေကို ဝန် ဆောင်မှုပေးတဲ့ သင်္ဘောကုမ္ပဏီက ကယ်လိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်အထိကို လှေပေါ်မှာ ဖုန်းအဆက် အသွယ် ရှိနေတာဆိုတော့ သူတို့ကို ကယ်သွားတယ်ဆိုတာကို ပြန်ပြောတယ်ပေါ့။ သင်္ဘောကုမ္ပဏီက သူတို့အစိုးရ ကို အကြောင်းကြားမှာပဲလေ။ ဒါပေမဲ့ နောက်ဆုံး ကျနော်တွေ့လိုက်ရတဲ့ ဗီဒီယိုဖိုင်က သူတို့က မြန်မာစစ်တပ် ဘက် ဒီဒုက္ခသည်တွေကို လွှဲပေးနေတာတွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Wednesday, June 24, 2020

ရိုဟင်ဂျာဒုက္ခသည်အရေး ပိုဆောင်ရွက်ဖို့ ဗီယက်နမ်ကို မလေးရှားတိုက်တွန်း


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.24
 ■ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းမှာ ဗီယက်နမ်နိုင်ငံအနေနဲ့ ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင် လှုပ် ရှားဖို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က တိုက်တွန်းလိုက်တဲ့အကြောင်း FMT မလေးရှားသတင်း မှာ မနေ့က ဖော်ပြထားပါတယ်။

Thursday, February 6, 2020

လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ ဗီယက်နမ်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
2020.02.05

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့ အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

Wednesday, December 18, 2019

ရခိုင်အရေး မြန်မာဘက်ကနေ ထောက်ခံဆောင်ရွက်သွား မယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ပြောကြား

KUMUDRA
နေပြည်တော်သတင်း 
17 DEC 2019
ရခိုင်အရေး မြန်မာဘက်ကနေ ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ပြောကြား


နေပြည်တော်၊ဒီဇင်ဘာလ-၁၇ ရက်။ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု တွေကို ဗီယနမ်နိုင်ငံအနေနဲ့ နားလည်ပြီး ရခိုင်အရေးကိစ္စအပါအဝင် နိုင်ငံရဲ့အခြားအခက်အခဲတွေ အဆင် ပြေစွာဖြေရှင်းနိုင်ဖို့ ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

Thursday, January 31, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ဖို့ Sheik Hasina လိုလား

VOA 
January 31, 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓ ဟူးနေ့မှာ ပြောပါတယ်။

Wednesday, January 30, 2019

မြန်မာအစိုးရက ရိုဟင်ဂျာများကို ပြန်ခေါ်ရန် အတွက် ဆက်လက် ဖိအား ပေးနေရန် လိုအပ်ဟု ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်ပြော

Rohingya Today
ရှား၊ Jan 30 2019 ၊  

                                          ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးသံတမန်တို့ တွေ့ဆုံစဉ် (ဓါတ်ပုံ - BSS)

 ဗီယက်နမ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို အတင်းအဓမ္မ ဖယ်ရှားခံရသည့် မြန်မာနိုင်ငံသား (ရိုဟင်ဂျာ) များကို ပြန်ခေါ်ရန်အတွက် ဆက်လက်ဖိအားပေးနေရန် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */