" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အိုင်ယာလန်. Show all posts
Showing posts with label အိုင်ယာလန်. Show all posts

Tuesday, August 29, 2023

ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ

မဇျ္စိမ
By TNW
29 August 2023


ရာစုနှစ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတခုဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ် မှုတွင် ပါဝင်မှုဖြင့် ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ နည်းပညာကုမ္ပဏီကြီး Meta ကို ရိုဟင်ဂျာဒုက္ခသည်များ က အိုင်ယာလန် တရားရုံးချုပ်တွင် တရားစွဲဆို အမှုတင်ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ ဩဂုတ် ၂၅ ရက်သည် မြန်မာစစ်တပ်က မွတ်စလင်ရိုဟင်ဂျာ ၂၅,၀၀၀ကျော် ကို သတ်ဖြတ်ပြီး နောက်ထပ် ၇၀၀,၀၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ရသော တိုင်းရင်းသားလူမျိုးစု ရှင်းလင်းရေး စတင်ချိန်မှ ခြောက်နှစ်ပြည့်မြောက် ဖြစ်သည်။ ရိုဟင်ဂျာ အများစုသည် အိမ်နီးချင်းဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြကာ တော်တော်များများက နေထိုင်လျက် ရှိဆဲဖြစ်၍ ကမ္ဘာ့အ ကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */