Showing posts with label မြန်မာမွတ်ဆလင်. Show all posts
Showing posts with label မြန်မာမွတ်ဆလင်. Show all posts

Monday, May 11, 2020

ကိုဗစ်ကာလ မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင်နေ ထိုင်သူတွေ ဖမ်းဆီးခံနေရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
11 မေ၊ 2020
မအေးအေးမာ
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)
 
COVID-19 အဖြစ်များနေတဲ့ မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ရိုဟင်ဂျာ တွေ နဲ့ တရားမဝင်နေထိုင်သူတွေ များတာကြောင့် အဝင်အထွက် ကန့်သတ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူနေတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါ မယ်။

Monday, January 27, 2020

မြန်မာမွတ်စလင်တွေရဲ့ ဗလီအခက်အခဲ

လွတ်လပ်တဲ့အာရှအသံ  RFA ) 
မြန်မာဌာန | သတင်းများ
2020-01-24

၁၉၆၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာဗလီ ဝတ်ကျောင်းတော်တွေကို  တရားဝင်ချပေးတာတွေ မရှိတော့လို့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆု တောင်းဖို့ အခက် အခဲတွေ ရှိလာခဲ့ပါတယ်။

Sunday, December 8, 2019

ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင် တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဒီဇင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)
 
မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူး လွန် ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံး တွေ က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆို လိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့် အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

Sunday, June 3, 2012

တောင်ကုတ်တွင် မြန်မာမွတ်စလင်မ်(၁၀) ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရ၊

Rohingya Blogger



ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေး ပြေးကား သည် တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့ သူမြို့သား ရခိုင် လူမျိုးများက တား ဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာ သာဝင် မြန်မာမွတ် စ လင်မ် (၁၀) ဦးအား ရက် စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */