Showing posts with label Refugees International. Show all posts
Showing posts with label Refugees International. Show all posts

Thursday, January 14, 2021

ရိုဟင်ဂျာဒုက္ခသည်အရေး Joe Biden အစိုးရ ဦးဆောင် ဖြေရှင်း ပေးဖို့ RI အဖွဲ့တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
ကိုအောင်လွင်ဦး
14 ဇန်နဝါရီ၊ 2021

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာ ဘင်္ဂလားနယ်စပ်အနီးမှာ တွေ့ရ။ (စင်တင်ဘာ ၀၄၊ ၂၀၁၇)

အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရ တက်လာတဲ့အခါ ရိုဟင်ဂျာအရေး ဦး ဆောင်ဖြေရှင်းဖို့ ဒုက္ခသည်အရေး လှုပ်ရှားနေတဲ့ ၀ါရှင်တန်အခြေစိုက် Refugees International အဖွဲ့က တိုက် တွန်းလိုက်တဲ့အကြောင်းကို ကိုအောင်လွင်ဦးက ပြောပြပါမယ်။


“ရိုဟင်ဂျာအရေး နိုင်ငံတကာအတိုင်းအတာနဲ့ ဦးဆောင်ဖြေရှင်းဖို့ ရွေးကောက်ခံသမ္မတ Biden အတွက် အ ရေး ကြီးတဲ့ မူဝါဒရေးရာ အကြံပြုချက်” ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစောင် ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပြီး Refugees International အဖွဲ့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအ၀န်းကို တွန်းအားပေးနိုင်တာကြောင့် အခုလို တိုက်တွန်းရတာလို့လည်း အစီရင်ခံစာကို ဦးဆောင်ပြု စုခဲ့တဲ့ Daniel Sullivan ကပြောဆိုခဲ့တာပါ။

Sunday, November 8, 2020

မြန်မာရွေးကောက်ပွဲ အခင်းအကျင်း Refugees International အဖွဲ့ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2020

ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ မဲပေးကြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)



မြန်မာနိုင်ငံက ပြည်သူ ၁ သန်းကျော်ဟာ မဲပေးခွင့် ရုပ်သိမ်းခံရတာ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာ ပြည်တွင်း ဒုက္ခ သည်အဖြစ် တိမ်းရှောင်နေရတဲ့အတွက် နိုဝင်ဘာ ၈ ရက် ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ Refugees International (RI) ခေါ် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က စနေနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်တင် ဝေဖန် လိုက်ပါတယ်။