DVB
February 10, 2025
မြန်မာနိုင်ငံဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၃ ယောက် ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း Anadolu Agency (AA) သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြပါတယ်။
သူတို့ကို နိုင်ငံအရှေ့တောင်ပိုင်း ဘန်ဘာဒန်ခရိုင်ထဲက အလီကာဒမ်နယ်စပ်ဒေသထဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီး ၉ ယောက်၊ အမျိုးသား ၁၀ ယောက်နဲ့ ကလေးသူငယ် ၁၄ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။