" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာလျှောက်လဲချက်. Show all posts
Showing posts with label မြန်မာလျှောက်လဲချက်. Show all posts

Wednesday, December 11, 2019

လူမျိုးတုံးသတ်ဖြတ်မှုမမြောက် အတိုင်ပင်ခံ ICJ ကို လျှောက်လဲ

VOA

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မ မြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

ICJ မြန်မာ လျှောက်လဲချက်

VOA
ဗွီအိုအေ (မြန်မာဌာန)

ဦးကျော်ဇံသာ၊စုမြတ်မွန်
11 ဒီဇင်ဘာ၊ 2019 

နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက် တယ်ဆိုပြီး ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ချေပ လျှောက်ထားခဲ့ပါတယ်။ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်က စွပ်စွဲခံရသလို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာကို ဥပဒေပညာ ရှင်တွေက အဓိက တုံ့ပြန်ချေပ လျှောက်ထားခဲ့ကြပါတယ်။ဒီကနေ့ လျှောက်ထားတင်ပြချက်တွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကိုယ်တိုင် ICJ တရားရုံးထဲမှာ သတင်းယူခဲ့တာမို့ ဦးကျော်ဇံသာကို မစု မြတ်မွန်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */