Showing posts with label ဝပြည်နယ်. Show all posts
Showing posts with label ဝပြည်နယ်. Show all posts

Thursday, October 27, 2022

နေပြည်တော်နဲ့ 'ဝ' ပြည်နယ်

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၂၇ အောက်တိုဘာ၊ ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်လို့ မြန်မာတပြည်လုံးမှာ သေဆုံးသူများပြား နေ ချိန်မှာ 'ဝ'ဒေသမှာ နေထိုင်သူအားလုံးနီးပါးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ အကူအညီကြောင့် ဒေသတခုလုံးမှာ ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ ပြည်နယ်ဖြစ်ချင်တဲ့ 'ဝ'ဒေသကို တရုတ်ပြည် နယ်လိုတောင် ခေါ်လေ့ရှိပါတယ်။ စစ်ကောင်စီနဲ့ ပဋိပက္ခ မဖြစ်အောင်နေပြီး တရုတ်နဲ့ ရင်းနှီးတာဟာ 'ဝ'ဒေသရဲ့ အား သာချက် ဖြစ်ပါတယ်။ 'ဝ'ဒေသရဲ့ ဒုတိယဘာသာစကားဟာ တရုတ်စကားဖြစ်ပြီး သုံးစွဲတဲ့ငွေကြေးဟာ တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။

Saturday, October 1, 2022

“ဝ” ပြည်နယ်အရေးနှင့် ဆက်စပ်အတွေးများ

DM
အောက်တိုဘာ ၁ -၂၀၂၂
(ဆောင်းပါး)
ဂေါင် -ရေးသည်။
 
ခတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအရ တန်းတူအခွင့်အရေး တောင်းဆိုနေကြသည့် တိုင်း ရင်း သားလက်နက်ကိုင်များအပေါ် သူပုန်၊ သောင်းကျန်းသူ၊ အကြမ်းဖက်အဖွဲ့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲလာခဲ့ သည်မှာ ယနေ့ထိပင်တွေ့ရသည်။

ထို့အတူ စစ်ခေါင်းဆောင်များက တိုင်းရင်းသားတပ်ဖွဲ့များအား လက်နက်ဖျက်သိမ်းရေး၊ တပ်မတော် (သို့မ ဟုတ်) နယ်ခြားစောင့်တပ် စသည့်နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ်ပြုလုပ်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့နှင့် တိုက်ပွဲမဖြစ်ပွားသည့် အင်အားကြီးအဖွဲ့အချို့ကို အလျော့ပေး ဆက်ဆံလာသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */