Showing posts with label မြန်မာ့လူအခွင့်အရေး. Show all posts
Showing posts with label မြန်မာ့လူအခွင့်အရေး. Show all posts

Tuesday, March 17, 2020

မြန်မာ့ လူ့အခွင့်အရေး ရန်ကုန် ကန်သံရုံး အမြင်

VOA  
ဗွီအိုအေ (မြန်မာဌာန)
17 မတ်၊ 2020
ရဲမင်းထွန်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေသူတချို့ (မှတ်တမ်းဓာတ်ပုံ)
 
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရ Ms. Aryani Manring က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ဝန်ခံပြောကြား ခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှု တခု လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်း ရာ မှာ သူက အခုလို စပြောပါတယ်။

Friday, February 28, 2020

မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှု အခြေခံအကြောင်းရင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဖေဖော်ဝါရီ၊ 2020 
၂၀၁၇ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက ရိုဟင်ဂျာ ဒုက္ခသည်များကို တွေ့ရစဉ် 
 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေရတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာဒီမိုကေ ရစီ အခြေခံတွေ အားနည်းတာ၊ အပြစ်ကျုးလွန်သူတွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတာ၊ တရား ဥပဒေ စိုးမိုးရေး အားနည်းတာ၊ အရပ်ဘက်က ကြီးကြပ်ခွင့် မရတာ စတာတွေအပေါ်မှာ အခြေခံနေေ ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောလိုက်ပါတယ်။

Wednesday, July 24, 2019

မြန်မာလူ့အခွင့်အရေးအခြေအနေ အောက်လွှတ် တော်မှာ AI အစီရင်ခံမည်

VOA
 ဗွီအိုအေ (မြန်မာဌာန
24 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ မနက်ဖြန် ကြာသပတေးနေ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ကြားနာပွဲပြုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီမှာ မြန်မာ စစ်ဗိုလ်ချုပ် တွေကို ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုကိုပါ အမေရိကန်လွှတ်တော်က ချမှတ် အေ ရး ယူဖို့ အကြံပြုတင်ပြဖို့ရှိနေကြောင်း ကိုယ်တိုင် ထွက်ဆိုမယ့်သူဖြစ်တဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာ ခွင့်အဖွဲ့ကြီးရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ အခုလို စပြောပါတယ်။

Thursday, July 18, 2019

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
18 ဇူလိုင်၊ 2019 

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေ ပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံ စမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။ 

Wednesday, July 10, 2019

ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စ တွေ သွားလေ့လာပြီး ထုတ်ပြန်မယ်

B B C
ဘီဘီစီ မြန်မာပိုင်း
10-07-2019
                  ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေသွားလေ့လာပြီးထုတ်ပြန်မယ် 
 
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီးက ထိုင်းနိုင်ငံမှာ ရောက် ရှိနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */