RFA
RFA Burmese
2024.05.20
Monday, May 20, 2024
ရိုဟင်ဂျာအရေး အိန္ဒိယနဲ့ တရုတ် ပါဝင်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော
Friday, March 29, 2024
အိန္ဒိယမှာ ရိုဟင်ဂျာ လေးဦး ဖမ်းဆီးခံရ
RFA
RFA Burmese
2024.03.29
အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားတယ်လို့ ဥတာပရာဒက်ရှ်ပြည်နယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (ATS) က ပြောကြောင်း အိန္ဒိယသတင်းစာ Times of India က မတ်လ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။
Friday, March 1, 2024
အိန္ဒိယကို တရားမဝင် ဝင်ရောက်သည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ
DVB
March 1, 2024
အဆိုပါ ခိုးဝင်မြန်မာ ၈ ယောက်ဟာ အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အရွယ်တွေဖြစ်ကာ သူတို့ကို မဟာရာရှတရာပြည်နယ်၊ မီရာဘာရန်ဒါမြို့၊ ဥတန်ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
Thursday, March 9, 2023
တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်တွေ စစ်တပ်ရဲ့ ရိုဟင်ဂျာလက်ခံရေး ပြင်ဆင်နေတာကို သွားရောက် ကြည့်ရှု့ခဲ့
B B C
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ မတ်လ ၉ ရက်။
တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးအကြီးအကဲတွေ မောင်တောနဲ့ စစ်တွေတို့က စစ်ကောင်စီက ပြင်ဆင်လုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဥ်နဲ့ ပြင်ဆင်မှုတွေကို မတ်လ ၈ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့တယ်လို့ သိရပါတယ်။
အဲဒီခရီးစဥ်ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင် ခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပြင် အာဆီယံသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ် ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီသတင်းစာ တွေက ဒီကနေ့မှာ ဖော်ပြပါတယ်။
Saturday, February 19, 2022
“အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်”
၁၇၈၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အတည်ပြုလက်ခံ ကျင့်သုံးပြီးက တည်း က ဖက် ဒရယ်စနစ်မှာ နိုင်ငံအုပ်ချုပ်ရေးလောကတွင် လူကြိုက်များလာသောပုံစံတခုဖြစ်လာလေသည်။
မျက်မှောက်ကာလတွင် ဖက်ဒ ရယ်စနစ်မှာ
Friday, February 26, 2021
ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သင်္ဘော အိန္ဒိယ ကူညီ
ဗွီအိုအေ (မြန်မာပိုင်း)
26 ဖေဖော်ဝါရီ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ကပ္ပလီပင်လယ်ပြင် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
Sunday, November 1, 2020
ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ
31 October 2020
ရခိုင်ပြည်နယ်မှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ ကုလားတန်မြစ်စီမံကိန်းကို ရက္ခိုင်စစ်တပ် (AA) က တိုက်ခိုက်နေ တာဟာ ထိခိုက်မှုတွေရှိနေပြီး စီမံကိန်းပြီးစီးဖို့ အခက်အခဲတွေ ကြုံနေရကြောင်း အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာမှာ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံထုတ်လက်နက်ပစ္စည်းတွေကို AA အဖွဲ့ဆီကနေ ရရှိခဲ့ကြောင်းလည်းသတင်း စာမှာ ဖော်ပြထားပါတယ်။ AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ၄ ကြိမ်ထက် မနည်း တိုက်ခိုက် ခဲ့ကြောင်း ဒါ့အပြင် လုံခြုံရေး ယူထားတဲ့ တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနဲ့ မြန်မာဟာ စစ်တွေဆိပ်ကမ်းကိုလည်း နောက်နှစ်မှာ အပြီး ပြီးစီးအောင် ဆောက်လုပ်ဖို့စီစဉ်နေပြီး Kolkata ဆိပ်ကမ်းကပို့တဲ့ ကုန်ပစ္စည်းတွေကို ကုလားတန်မြစ်ကိုအသုံပြုကာကုန်းတွင်းပိုင်းဖြစ်တဲ့အရှေ့မြောက် ဒေသကို တင်ပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်မျာအဲဒီသတင်းစာကြီး မှာ ဘဲ ဇွန်လ ၂၃ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် တွေက လည်း ဒေါ်လာ တသန်းဖိုးခန့် တန်ဖိုးရှိပြီး ဒီလက်နက်တွေက ရခိုင်က AA နဲ့ အာရကန်ရိုဟင်ဂျာကယ် တင်ရေး တပ် (ARSA) ဆီကို ပို့ဖို့ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီလက်နက်တွေဟာ တရုတ်က ထုတ်တဲ့ လက်နက်တွေဖြစ်ပြီး ဒီလိုလက်နက်မှောင်ခိုသယ်ယူမှုတွေကြောင့် ဒေ သ တွင်း တည်ငြိမ်မှုကို အန္တရာယ်ရှိတဲ့ အပြင် ကုလားတန်စီမံကိန်းအပေါ်မှာလည်း ထိခိုက်သက်ရောက်မှု တွေ ရှိတယ်လို့ အိန္ဒိယနိုင်ငံက လုံခြုံရေးဆိုင်ရာ အရာရှိရဲ့ ပြောဆိုချက်ကို သတင်းစာမှာ ကိုးကား ဖော်ပြ ထားပါ တယ်။
တရုတ်ရဲ့ လက်တွေခြေတွေပါနေတယ်ဆိုရင်တော့ ကုလားတန် စီမံကိန်းဟာ တရုတ်ရဲ့ စီမံကိန်းဖြစ်တဲ့ တရုတ် -မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ရဲ့ ကျောက်ဖြူစီမံကိန်းအတွက် ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ပဲလို့ သတင်းမှာ သုံး သပ်သွားပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်မျာတကယ်တော့ တရုတ် ဟာ ဒီလိုပဲ အိန္ဒိယကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ၁၉၆၀ နဲ့ ၁၉၇၀ မှာ ပြုလုပ်ခဲ့ပြီး အိန္ဒိယနယ် အေ့ရှ မြောက်ဒေသ က လက်နက်ကိုင်သူပုန်တွေကို လက်နက်တွေပေးခဲ့တာ၊ သင်တန်းတွေပေးခဲ့တာတွေကို အရင် ကလည်း လုပ်ခဲ့ ဖူးကြောင်း ဖော်ပြခဲ့ပါတယ်။
တရုတ်အနေနဲ့ သူ့ရဲ့ CMEC စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ပြီး ကုလားတန် စီမံကိန်းကို နောက် ကျအောင်၊ အလုပ်မဖြစ်အောင် ကပျက်ကရက် လုပ်နေတာဖြစ်ပြီး မြန်မာကိုလည်း ကုလားတန် စီမံကိန်းဟာ အ လုပ်မဖြစ်ကြောင်းပြပြီး ဒီဒေသမှာ လုံခြုံရေး အရခက်ခဲအောင် လုပ်နေတာဖြစ်တယ်လို့ နိုင်ငံတကာ လုံခြုံ ရေး ကို လေ့လာတဲ့ Gateway House ကလေ့လာသူ Sameer Patil က Hindustan Times သတင်းစာကို ပြောကြား ထားပါတယ်။
You may also like these stories:
Monday, January 6, 2020
ရခိုင်ပြည်နယ် စစ်ဘေးရှောင်များအတွက် အိန္ဒိယက ကူညီ ထောက်ပံ့သည့်ပစ္စည်းများ ပထမအသုတ်ရောက်ရှိ
ယဉ်ပပထွန်း
06 JAN 2020
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များကြောင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် အိန္ဒိယအစိုးရက ကူညီပေးသည့် အစားအသောက်များ ဇန်နဝါရီ ၅ ရက်က စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(စစ်တွေ)မှ သိရသည်။
Sunday, November 3, 2019
အာဆီယံကုန်သွယ်ဆွေးနွေးပွဲမှာ အိန္ဒိယကစိုးရိမ်ပေမယ့် သြစီက အကောင်းမြင်နေ
03 November 2019
အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေ စုဝေကြတဲ့ စီးပွားရေးဆိုင်ရာ ညီလာခံ Regional Comprehensive Economic Partnership (RCEP)နဲ့ ပတ်သက်ပြီး အမြင်တွေ ကွဲပြားနေကြပါတယ်။
Friday, May 17, 2019
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၁၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Sanjay Mitra နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Monday, April 29, 2019
ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ BCIM ကို တရုတ် ဖယ်ရှား
ဗွီအိုအေ (မြန်မာဌာန)
29 ဧပြီ၊ 2019
အင်ကြင်းနိုင်
တရုတ်ကနေ ဥရောပထိ ဖေါက်လုပ်မယ့် BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်း စာရင်း စနေနေ့က ထုတ်ပြန် ရာမှာ အရင်က ပါခဲ့တဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြန် စီမံကိန်းကို တရုတ်က ဖြုတ်ချခဲ့ပါတယ်။
Wednesday, April 3, 2019
ကုလားတန်စီမံကိန်းအကြောင်းပြပြီး AA အဖွဲ့ကို ထောက်လှမ်းကြောင်းပြောကြားချက် တပ်မတော် ငြင်းဆို
လွတ်လပ်တဲ့ အာရှအသံ
2019-04-03
မဝေမာထွန်း
Saturday, March 16, 2019
ကုလားတန် စီမံကိန်း ကာကွယ်ရေး အိန္ဒိယ မြန်မာနဲ့ လက်တွဲမည်
Friday, February 8, 2019
ပြန်ပေးဆွဲခံ ခရစ်ယာန်သင်းအုပ်ဆရာ ရခိုင်ပြည် နယ်မှာ အသတ်ခံရ
ဗွီအိုမေမြန်မာပိုင်း
၀၇ ဖေဖော်ဝါရီ၊ ၂၀၁၉

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ရဲ့ ခရစ်ယာန် သင်းအုပ်ဆရာတဦးကို လက်နက်ကိုင်အုပ်စုတစုက ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် Gospel For Asia ခရစ်ယာန် အသင်း တော်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။