VOA 
မဆုမွန်
01 ဧပြီ၊ 2021
 ပင်လယ်ထဲကကျွန်း ဘာဆာချာဆီကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက နောက်ထပ် ရိုဟင်ဂျာဒုက ္ခသည်တွေ လေးထောင်ကျော် ခြောက်ကြိမ်မြောက် ထပ်ပို့ဆောင်လိုက်ပါပြီ။ မြန်မာပြည်ပြန်ရေးမျှော်လင့်ချက် နည်းလာသလို ဒုက္ခသည်စခန်းတွေထဲမှာလည်း မီးဘေး မိုးများရေကြီးမြေပြိုတာလိုမျိုး သဘာဝဘေးတွေနဲ့ရင် ဆိုင်ရပြီး အနာဂတ်မဲ့လာလို့ ဘာဆန်ချာကျွန်းကိုပဲ ပြောင်းရွှေ့သွားကြဖို့ဆုံးဖြတ်လိုက်ကြတာလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ နောက်ဆုံးအခြေအနေကို ကုတပလောင် ဒုက္ခသည်စခန်း အမှတ်(၇)မှာ ခိုလှုံနေထိုင်သူ စေတနာ့ဝန်ထမ်းတဦးလည်းဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦး အောင် မြိုင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မဆုမွန်
01 ဧပြီ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။
