" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လွတ်ငြိမ်းလျမ်းသာ. Show all posts
Showing posts with label လွတ်ငြိမ်းလျမ်းသာ. Show all posts

Friday, August 11, 2023

လွတ်ငြိမ်းသက်သာစာရင်းတွင် ရိုဟင်ဂျာ ၈၀ ပါသော်လည်း ပြန်မလွတ်

Myanmar Now
ဟန်သစ်
August 11, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ငါးနှစ်မြောက် နှစ်ပတ်လည်ကာလ ဆန္ဒပြနေသည့် ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)
 

စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်စာရင်းတွင် ပါဝင်သည့် မကွေးတိုင်း၊ သရက်ထောင်မှ ရိုဟင်ဂျာ ၈၀ ခန့် ပြန်မလွတ်ဘဲ ထောင်တွင် ရှိနေဆဲဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ဩဂုတ် ၁ ရက်နေ့က ထောင်အသီးသီးရှိ အကျဉ်းသား ၇၀၀၀ ကျော်ကို ထောင်ဒဏ်လျှော့ လွတ်ငြိမ်း ခွင့်ပေးသည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး သရက်ထောင်လွှတ်စာရင်းတွင် ရိုဟင်ဂျာ ၈၀ ဦးအပါ အဝင် အကျဉ်းသားအကျဉ်းသူ ၁၂၉ ဦး ပါဝင်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */