RFA
RFA Burmese
2025.03.13
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Kutupalong ဒုက္ခသည်စခန်းသို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ရောက်ရှိခဲ့စဉ်။ MUNIR UZ ZAMAN / AFP
မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။ ဒီအစီအရင်ခံစာပါ အကြံပြုချက်တွေ ကို အကောင်ထည်ဖော်ခြင်း ရှိ မရှိ ဆက်ပြီးစောင့်ကြည့်သွားမယ်လို့လည်း သူကပြောပါတယ်။