ဗွီအိုအေ (မြန်မာပိုင်း)
15 နိုဝင်ဘာ၊ 2020
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne. (ဇူလိုင် ၂၈၊ ၂၀၂၀)
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါ တယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကထုတ်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာတော့ ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက် မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ဖော်ပြပါတယ်။