" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထွက်ဆိုချက်များ. Show all posts
Showing posts with label ထွက်ဆိုချက်များ. Show all posts

Saturday, July 8, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များ ကို ICC က မှတ်တမ်းယူ

မဇျ္စိမ
UCA News
07 July 2023

Photo-AFP
 

မြန်မာစစ်တပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံတကာ ရာဇ ဝတ်မှုခုံရုံး (ICC) သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းရယူနေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများအပြား ရှိနေရာ ဘင်္ဂလားဒေ့ရှ် လာရောက်ပြီး ရှေ့နေ ကာရင် အာဆတ် အာမတ် ခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကော့ဘဇားမှ စခန်း (၁) နှင့် (၁၂) တို့မှ ဒုက္ခသည်များနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */