" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကိုရိုနာဗိုင်းရပ်စ်. Show all posts
Showing posts with label ကိုရိုနာဗိုင်းရပ်စ်. Show all posts

Thursday, June 11, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု

VOA
 ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
11 ဇွန်၊ 2020

မိသားစုနဲ့ခွဲပြီး သီးခြားခွဲ စောင့်ကြည့်ခံရမယ့် အရေး စိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမခံကြတာကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းမှာ COVID 19 ကူးစက်ပျံ့နှံ့မယ့် အရေး စိုးရိမ်စရာ ဖြစ်နေတဲ့ အကြောင်း AP နဲ့ Reuters သတင်းတွေကို အခြေခံပြီး တင်ပြပါမယ်။ ကျမ သိင်္ဂီထိုက်ပါ။
 
Link : Here 

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအနီး ကော့ဘဇားဒေသကို ကိုရိုနာ ဗိုင်းရပ်စ် အနီရောင်ဇုန်အဖြစ် ကြေညာ

မဇ္ဈိမ
ဇွန် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဘေးများ ကြောင့် ဒေသရှိ အချို့နေရာများကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ကြေညာပြီး ကော့ဘဇား အုပ်ချုပ်ရေး နယ် မြေကို လော့ဒေါင်းချလိုက်ပြီ ဖြစ်သည်။

Thursday, May 28, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အခက်ကြုံနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-05-27


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်း ရပ်စ် ပိုးကူးစက်နေသူ ၂၉ ဦးကို တွေ့ရှိခဲ့ရပြီးနောက် အဲဒီလူတွေကို သီးသန့်ထားကုသပေးနေပြီး သူတို့မိသားစု ဝင်တွေအပါအဝင် တခြား ဒုက္ခသည် ၁၅ဝဝဝ ခန့်ကို စခန်းထဲက တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိ အောင် သီးခြားထားစောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန အရာရှိတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ပြောကြားခဲ့ပါတယ်။

Friday, May 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား နိုင်ခြေများနေ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီ စီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

Sunday, April 5, 2020

ကိုဗစ်ကာကွယ်ဖို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အင်တာ နက်ပြန်ဖွင့်စေလို

B B C
ဘီဘီစီ မြန်မာပိုင်း
2020.04.05
ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ကာကွယ် တား ဆီးနိုင်ဖို့အတွက် အင်တာနက်လိုင်းတွေ ပြန်တပ်ပေးပါ ဆိုတဲ့တောင်းဆိုမှုတွေ ရှိနေပါတယ်။

Thursday, March 26, 2020

ရိုဟင်ဂျာစခန်းအနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ရှိ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
Mar 25, 2020

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အစိုးရကပိတ်ထားလိုက်ပါပြီ။ အဲ့ဒီစခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထား ပါတယ်။
Link : Here

Sunday, March 1, 2020

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေ၍ ဆော်ဒီနိုင်ငံ မက္ကာသို့ ဘုရား ဖူးများ လာရောက်ခွင့်ပိတ်ထားမည်

TheVoiceWeekly Journal 
ရီယဒ်၊ ဖေဖော်ဝါရီ ၂၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ် သည့် COVID19 ကူးစက်နေမှုကြောင့် မက္ကာသို့ လာရောက်မည့် ဘုရားဖူးများကို ယာယီအားဖြင့် အဝင်မခံ တော့ကြောင်း ဆော်ဒီအာရေးဗီးယားအစိုးရက ကြေညာထားသည်။

Monday, February 17, 2020

Cox’s Bazar ဒုက္ခသည်စခန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ရေး အခြေအနေ

VOA
ဗွီအိုအေ (မြန်မာဌာန
 ရဲမင်းထွန်း
17 ဖေဖော်ဝါရီ၊ 2020
Coronavirus ပိုးကူးစက်မှုတွေကို ကာကွယ်ဖို့ ကမ္ဘာ့နိုင်ငံတွေဟာ နိုင်ငံရဲ့ဝင်ပေါက် ထွက်ပေါက်တွေမှာ ရောဂါ စောင့်ကြည့် စစ်ဆေး ရေးတွေ လုပ်ဆောင်နေရပါတယ်။ Coronavirus ကာကွယ်ရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘယ်လိုလုပ်ဆောင်နေပါသလဲ။ Muazzem Hossain Shakil သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */