RFA
RFA Burmese
2023.12.27
အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ AFP ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အင်ဒိုနီး ရှားနိုင်ငံ၊ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ကဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။