" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဦးဟောက်ဒိုဆွမ်း. Show all posts
Showing posts with label ဦးဟောက်ဒိုဆွမ်း. Show all posts

Friday, November 15, 2019

ICJ တွင် တရားစွဲဆိုခံရမှု ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ပြောကြား

7DAY DAILY
By ထက်အာကာကျော်
Tuesday, November 12, 2019
-
ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာချိုးဖောက်ခြင်းမရှိ၊ နိုင်ငံရေးအရ လုပ်ဆောင်ဟု သုံးသပ်

 
 ရခိုင်ပြည်နယ် အရေး နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး (ICJ)တွင်ဂမ်ဘီယာ နိုင်ငံက မြန် မာ နိုင်ငံ အပေါ် တရားစွဲဆိုထားမှုကို နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ဆောင်စရာ ရှိသည်ကို ဆက်လက် လုပ် ဆောင်မည်ဖြစ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း နယူးယောက်မြို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက 7Day Daily သတင်းစာအား   ယမန်နေ့တွင် ပြောသည်။

Tuesday, November 12, 2019

ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံးအမှု မြန်မာရင်ဆိုင် မယ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-11
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်နေ့က ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာတရားရုံး တင်သွင်းခဲ့သည့် ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်များနှင့် ပုဂ္ဂိုလ်တချို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
(Photo: AP) 

                                                        
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ အစ္စလာမ္မစ်နိုင် ငံများ အဖွဲ့ (Organisation of Islamic Cooperation) ကိုယ်စား အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့အခြေစိုက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) ကို မနေ့က တင်သွင်းလိုက်ပါတယ်။

Monday, November 11, 2019

ICC က ကြားနာစစ်ဆေးမယ့်ကိစ္စ မြန်မာ ပယ်ချ

VOA 
ဗွီအိုအေမြန်မာပိုင်း
11 နိုဝင်ဘာ၊ 2019
အင်ကြင်းနိုင်

Thursday, November 7, 2019

မြန်မာအရေး အိုင်စီစီသို့ လွှဲပြောင်းပေးရန် ကုလအဖွဲ့ဝင် နိုင်ငံအချို့ တောင်းဆိုချက်ကို ပြင်းထန်စွာကန့်ကွက် ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းပြောကြား

7Day Daily News
By ထက်အာကာကျော်
Tuesday, November 5, 2019
ကုလသမဂ္ဂအထွေထွေညီလာခံ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ရှင်းလင်းနေစဉ် (ဓာတ်ပုံ −    MOFA)
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာအရေးကိစ္စ ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင် ရာ တရားရုံး (ICC) သို့ လွှဲပြောင်း ပေးရန် တောင်းဆိုမှုများကို မြန် မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးဟောက်ဒို ဆွမ်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

Tuesday, July 2, 2019

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */