" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အသတ်ခံရ. Show all posts
Showing posts with label အသတ်ခံရ. Show all posts

Sunday, March 17, 2024

လူမျိုးစုံချစ်ကြည်ရေးကို ဆောင်ရွက်နေသူ ဘူးသီးတောင်မြို့ နယ်မှ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မွတ်ဆလင်အမျိုးသားတစ်ဦး အသတ်ခံရ

Narinjara
ရက်စွဲ: ၁၆ မတ် ၂၀၂၄ 

အေးမြတ်ခိုင်/နိရဉ္စရာ၊ မတ်လ ၁၆/၂၀၂၄

လူမျိုးစုံချစ်ကြည်ရေးနှင့် ရပ်ရေးရွာရေးကို ဆောင်ရွက်နေသူ ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် မွတ်ဆလင် အမျိုးသားတစ်ဦး အသတ်ခံရသည်ဟု သတင်းရရှိသည်။

Thursday, September 21, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဧရာဝတီ
21 September 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူကီယာမြို့ရှိ ဘာလုခါလီဒုက္ခသည်စခန်းတာဝန်ခံ မွတ်စလင် ခေါင်းဆောင်တဦး စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက သတ်ဖြတ်ခံရမှုမှာ ARSA အဖွဲ့၏ လက် ချက်ဖြစ်ကြောင်း မွတ်စလင်အသိုင်း အဝန်းက ဆိုသည်။

Saturday, July 8, 2023

ရိုဟင်ဂျာ ခြောက်ယောက် အသတ်ခံရ

BBC
ဘီဘီစီမြန်မာပိုင်း
2023 July 7

ရိုဟင်ဂျာ စခန်းက ဘင်္ဂလားဒေ့ရှ်ရဲများ


ဘင်္ဂလားဒေ့ရှ်အရှေ့ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ဖြစ်တဲ့ အပြန်အလှန် ရန်ပွဲတွေအတွင်း ရိုဟင်ဂျာ အမျိုးသား ခြောက်ယောက် အသတ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ်ရဲက ပြောကြားပါတယ်။

စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကြားမှာ အဓိက ပြိုင်ဘက်အုပ်စုနှစ်ခုဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကြား သွေးထွက်သံယို ပြိုင်ဆိုင်မှုမှာ ဒါဟာ နောက်ဆုံးရန်ပွဲ တခု ဖြစ်ပါတယ်။

Saturday, June 10, 2023

NUG လူ့အခွင့်အရေးအကြံပေးရဲ့ အစ်ကိုဖြစ်သူ အသတ် ခံရ

RFA
RFA Burmese
2023.06.09

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဦးသန်းမြင့်အား တွေ့ရစဉ်။ Aung Kyaw Moe

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို ဇွန်လ ၇ ရက် ညပိုင်းမှာ အမည်မသိ လူတစ်စုက လုပ်ကြံသတ်ဖြတ် သွားတယ်လို့ ညီဖြစ်သူ ဦးအောင်ကျော်မိုးက RFA ကို ဒီနေ့ ပြောပါတယ်။

ရန်ကုန် သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်း နွယ်အေးဗလီအနီးမှာ လူတစ်စုကမသေမချင်းဓား နဲ့ထိုး သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

Sunday, February 26, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ဘာသာရေးခေါင်းဆောင် တစ်ဦးအသတ်ခံရ

BBC
2023.02.26

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဘာသာရေး ခေါင်း ဆောင် တစ်ဦး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အသတ်ခံလိုက်ရတယ်လို့ အဲဒီက ရိုဟင်ဂျာဒုက္ခသည်တွေက ဘီဘီစီကို ပြော ပါတယ်။

အသတ်ခံလိုက်ရသူဟာ ကုတုပါလောင်မှာရှိတဲ့ အမှတ် ၁၇ ဒုက္ခသည်စန်းမှာနေထိုင်တဲ့ မော်လဝီ ဆရာ ရှောမ်ရှု အာလောမ် ၃၈ နှစ်ဖြစ်ပြီး သူဟာ အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်မှာ အာဆာတပ်ဖွဲ့ဝင်တွေ နေအိမ်ကိုရောက်ရှိလာခဲ့ကြပြီး သူ့ကို ခေါ် ဆောင်သွားခဲ့ကာ ၂၅ ရက်နေ့မနက်ပိုင်းမှာတော့ သူ့ရဲ့အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Tuesday, October 18, 2022

ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အသတ်ခံရ

မဇ္စျိမ
16 October 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ အသိုက်အဝန်း၏ ခေါင်းဆောင်နှစ်ဦးကို လူအုပ်စု တစ်စုက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါး နေ ထိုင် နေကြသည့် ကော့ဇ်ဘဇား ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံရေးအခြေအနေက ယိုယွင်းဆိုးရွားလာနေသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန့်ကျဲရှိနေသော ကမ့်စခန်းများတွင် လက်ခံ နေရာပေးထားခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုသည် ယခုအခါ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးတစ်ခုတွင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ရင်ဆိုင်ထားရသည်။

Wednesday, October 12, 2022

ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာ ကျောင်းဆရာ ၁ ဦး အသတ်ခံရ

DVB
Published By DVB | 12 October, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာကျောင်းဆရာ တယောက်ကို ရက္ခိုင့်တပ်တော်(AA)က ပစ်သတ်ခဲ့တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် အေအေ ကျူးလွန်ခဲ့တဲ့ ရာဇတ်မှုတွေအတွက် အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဥရောပရောက်ရိုဟင်ဂျာများကောင်စီ (ERC) က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */