လွတ်လပ်တဲ့ အာရှအသံ
2019-06-30
ခိုင်ပြည်နယ် ကျောက်တော်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တွေ့ရစဉ်
Photo: Kyaw Hlamyint
ရခိုင်ပြည်နယ်ထဲက မြို့နယ်အတော်များများမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာ
တွေ ထဲကိုလည်း တပ်မတော်နဲ့ AA တို့ ဝင်ထွက်သွားလာလှုပ်ရှားတာမျိုးတွေရှိနေကြပါတယ်။
တပ်မတော်ဘက်ကလည်း ကျေးရွာတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေရှိနေလို့ ဝင်ရောက်စစ်ဆေးတာတွေရှိ သလို AA ဘက်ကလည်း တပ်မတော်ကို သတင်းပေးတိုင်ကြားသူတွေကိုလည်း လုပ်ကြံသတ်ဖြတ်တာ မျိုးတွေရှိခဲ့ပါတယ်။