" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label SSPP. Show all posts
Showing posts with label SSPP. Show all posts

Saturday, October 8, 2022

မြောက်ပိုင်းမဟာမိတ်နဲ့ နွေဦးတော်လှန်ရေး

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၀၆ အောက်တိုဘာ၊ ၂၀၂၂

Northern Alliance - Burma


တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ ပါဝင်တဲ့ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ FNPCC အစည်း ဝေး ကို 'ဝ' နယ်မြေ ပန်ဆန်းမြို့မှာ ကျင်းပကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ AA ရခိုင်တပ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ဝ ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဖို့သွားတာဖြစ်ပြီး ရလာဒ်ကောင်း ရရှိတယ်လို့လည်း ဆိုပါတယ်။ FNPCC ကော်မတီကို ဝတပ်ဖွဲ့က ဦး ဆောင်ပြီး KIA ကချင်တပ်၊ SSPP ရှမ်းပြည်တိုးတက်ရေးတပ်၊ TNLA တအားင်တပ်၊၊ MNDAA ကိုးကန့်တပ်၊ NDAA မိုင်းလားတပ်နဲ့ AA ရခိုင်တပ်တို့ ပါဝင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်လို့လည်း ခေါ်ပါတယ်။ ဝနဲ့ မိုင်းလားကလွဲလို့ စစ်ကောင်စီကို တိုက်ခိုက်နေသူတွေ ဖြစ်ပါတယ်။ ရခိုင်အနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတုန်း ကျင်းပခဲ့တဲ့ အစည်းအဝေးဖြစ်လို့ အမျိုး မျိုးထင်ကြေးပေးကြပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ အလယ်ပိုင်းက ကျေး သီးမြို့နယ်မှာ စစ်ကောင်စီက ကူညီနေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ် RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးတပ် SSPP တို့ စက်တင်ဘာ စတုတ္ထပတ်မှာ တိုက်ပွဲဖြစ်ကြောင်း သိရပါတယ်။ RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ သြဂုတ်လ နေပြည်တော်ခရီးအပြီးဖြစ်တဲ့ တိုက်ပွဲတွေပါ။

Saturday, October 1, 2022

“ဝ” ပြည်နယ်အရေးနှင့် ဆက်စပ်အတွေးများ

DM
အောက်တိုဘာ ၁ -၂၀၂၂
(ဆောင်းပါး)
ဂေါင် -ရေးသည်။
 
ခတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအရ တန်းတူအခွင့်အရေး တောင်းဆိုနေကြသည့် တိုင်း ရင်း သားလက်နက်ကိုင်များအပေါ် သူပုန်၊ သောင်းကျန်းသူ၊ အကြမ်းဖက်အဖွဲ့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲလာခဲ့ သည်မှာ ယနေ့ထိပင်တွေ့ရသည်။

ထို့အတူ စစ်ခေါင်းဆောင်များက တိုင်းရင်းသားတပ်ဖွဲ့များအား လက်နက်ဖျက်သိမ်းရေး၊ တပ်မတော် (သို့မ ဟုတ်) နယ်ခြားစောင့်တပ် စသည့်နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ်ပြုလုပ်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့နှင့် တိုက်ပွဲမဖြစ်ပွားသည့် အင်အားကြီးအဖွဲ့အချို့ကို အလျော့ပေး ဆက်ဆံလာသည်။

Wednesday, March 23, 2022

Wa an early winner of Myanmar’s post-coup war

ASIA TIMES

by Anthony Davis
February 22, 2022

UWSA consolidating a new Wa state that will bring Chinese influence near Thailand and set a self-rule model for other ethnic rebels  

UWSA special force snipers participate in a military parade in the Wa State's Panghsang, April 17, 2019. Photo: AFP / Ye Aung Thu

BANGKOK – The anniversary of the Myanmar military’s February 2021 coup has briefly refocused the fickle attentions of the international media with a flurry of “one year on” reporting on popular resistance and its prospects for success or failure.

Overshadowed by this central drama, meanwhile, another major power shift has been unfolding in the remote hills of northeastern Shan state with repercussions that may prove to be no less profound.

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)


အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)



မြောက်ပိုင်းဒေ သမှ ခါးသီးသောပြောက်ကျားတိုက်ပွဲသည် RCSS နယ်မြေစူးစမ်းရေးတပ်ဖွဲ့များ၊ တပ်သားသစ် များနှင့် TNLA တပ်များအကြားဖြစ်ပွားသော တိုက်ပွဲများဖြစ်သည်။ ထိုစစ်ပွဲများသည် ကြီးမားကျယ်ပြန့်လာပြီး SSPP လည်း ပါ ဝင်ပတ်သက်လာရသည်။ SSPP က ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ ရှမ်းလူမျိုး များအ ကျိုးစီး ပွား ကို ကိုယ်စားပြုသည်ဟုဆိုပြီး ၎င်းဒေသများကလည်း SSPP ကို ထောက်ခံမှုများ ရှိနေသည်။

■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)

 ■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)


 
မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာ များနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာ ရုံစိုက်ခဲ့ကြသည်။


Monday, March 4, 2019

UNFC ကနေ KNPP နုတ်ထွက်ဖို့ ဆုံးဖြတ်ထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-04
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကကျင်းပတဲ့ UNFC အစည်းအဝေးကို တွေ့ရစဉ်

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ နုတ်ထွက်ဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

Saturday, February 23, 2019

ARSA မှအပ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးအပေါ် SSPP ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ SSPP/SSA ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း တို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော် NRPC မှာ တွေ့ဆုံစဉ်
.
           
   
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ လက်ရှိသွားနေတဲ့ NCA လမ်းကြောင်းကို မဆန့်ကျင်ကြောင်းနဲ့ NCA မှာ မပြည့်စုံသေးတာတွေရှိတဲ့အတွက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရေး ဖြစ်မ လားသေးတာဖြစ်ပြီး အားလုံးပါဝင်နိုင်ရေးလို့ ဆိုရာမှာလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတဲ့ ဘင်္ဂါလီတွေ မပါဝင်ကြောင်း  SSPP ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ပြောလိုက်ပါတယ်။

Monday, February 18, 2019

အစိုးရနဲ့တပ်ကို တွန်းအားပေးဖို့ အားနည်းခဲ့တယ်လို့ SSPP ပြော

RFA 


SSPP/SSA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကို တွေ့ရစဉ်

 

အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်နေတာကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အကောင်အထည် aဖ်ာရေး အတွက် အစိုးရနဲ့ တပ်မတော်အပေါ် တွန်းအားပေးနိုင်ဖို့ အားနည်းခဲ့တယ်လို့ ရှမ်းပြည်တိုးတက် aရး ပါတီ SSPP ပြောခွင့်ရသူက ပြောပါတယ်။

Tuesday, January 8, 2019

ဘယ်က ငွေနဲ့ AA တပ်ထောင်သလဲ

ဧရာဝတီ
8 January 2019
တပ်မတော်ဘက်က အရာရှိများဟာ AA ရဲ့ လက်ဖြောင့်စနိုက်ပါသမားတွေရဲ့ သတ်ဖြတ်မှုကို ခံနေရပါတယ်

ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ ၉ နှစ်ကျော်ကာလအတွင်းမှာ အင်အား ၇၀၀၀ ခန့် တောင့်တင်းတဲ့ စစ်တပ်တခု ဖြစ်လာသလို ရခိုင်ပြည်နယ်တွင်းမှာ ခြေကုပ်နိုင်ဖို့ကိုလည်း ပီပီပြင်ပြင် ကြိုးစားနေပါပြီ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */