Showing posts with label ကိုဖီအာနန်. Show all posts
Showing posts with label ကိုဖီအာနန်. Show all posts

Monday, December 9, 2019

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ် တယ် ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

ဧရာဝတီ
9 December 2019
ဟာဂျီ ဦးအေးလွင် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး အကြံပြုချက် ၈၈ ချက်ပါဝင် သည့် အစီအရင် ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က မြန်မာ အစိုးရထံ ပေးအပ်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

Thursday, July 13, 2017

လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း – ၁

ဧရာဝတီ
အင်တာဗျူး
13 July 2017

အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် (ဓာတ်ပုံ - စိုးထွန်းသိန်း/ဧရာဝတီ)
 

မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနလုပ်ခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Friday, September 9, 2016

( 08.09.2016 ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မ ရှင်၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည့် Mr. Kofi Annan အား လက်ခံတွေ့ဆုံ


နေပြည်တော် ၊ စက်တင်ဘာ - ၈


ရခိုင်တိုင်းရင်းသားများအတွက် ထိရှ လွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်း ရင်းသားများ လက်ခံ နိုင်ရန်မှာ အဓိက ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ သားဖြစ်မှု ကို သာမ က တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့် သွင်းစဉ်းစား ရကြောင်း၊ ကော်မရှင် အနေဖြင့် ဖြစ်စဉ်ဖြစ် ပေါ်ခဲ့ရသည့် အခြေအနေ သမိုင်း ကြောင်းနှင့် ယှဉ် ၍လေ့လာဆောင် ရွက်ရန် အကြံပြုလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်း မဆောင်၌ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ဥက္ကဋ္အဖြစ်ဆောင် ရွက်မည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan  အား လက်ခံ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */