မြန်မာဌာန | သတင်းများ
2020-10-09
ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP
Photo: AFP
မြန်မာ့တပ်မတော်က စစ်သည်အင်အား ၂၅၀၀ ကျော်ကို မောင်တောနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့အကြောင်း ဘင်္ဂလာသတင်းစာတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ပတ်ကျော်အကြာမှာ ဘင်္ဂ လားဒေ့ရှ်ကလည်း တန်ပြန် တပ်ဖြန့်ချထားပါတယ်။ မြန်မာက ကြိုတင်အသိမပေးဘဲ တပ်ဖြန့်ချတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌအထိ တိုင်ကြားထားပါတယ်။