ဗွီအိုအေ (မြန်မာပိုင်း)
03 ဇွန်၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ ဒီသီတင်း ပတ် ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ ခရီးထွက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အဆင်ပြေပြေ နေထိုင်နိုင်ရေး အပြင်၊ ဘဝ ရှေ့ရေး ရေရှည်အတွက် အဖြေရှာနိုင်ဖို့ ဦးစားပေး ဆောင်ရွက်ကြဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက် ထောက်မဟာမင်းကြီးတွေ ဖြစ်ကြတဲ့ Gillian Triggs နဲ့ Raouf Mazou တို့က ဗုဒ္ဓဟူးနေ့ ခရီးစဉ် အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။