" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နိုင္ငံတကာအမိ်ဳးသမီးသတၱိရွင္ဆု. Show all posts
Showing posts with label နိုင္ငံတကာအမိ်ဳးသမီးသတၱိရွင္ဆု. Show all posts

Saturday, March 9, 2019

၂၀၁၉ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုစာရင်းမှာ ကရင်တိုင်းရင်းသူ နဲ့ ရိုဟင်ဂျာအမျိုးသမီးတဦးတို့ပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်လှလှသန်း၊အမျိုးသမီးကဏ္ဍ
 09 မတ်၊ 2019

 2019 Women of Courage award

မတ်လ (၈)ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီအထိန်းအမှတ်နေ့ဟာ ကမ္ဘာတဝှမ်း မှာအမျိုးသမီးတွေရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုရာမှာ၊ မတ်လ ရရက်နေ့ကတော့ အမေရိကန် နို်င်ငံခြား ရေး ဌာနက အမျိုးသမီး သတ္တိရှင်ဆု ၁၀ ဦးကိုဆုချီးမြှင့်ရာမှာ ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံက ကရင် အ မျိုးသမီး နော် ကညောဖောလည်း ပါဝင်ခဲ့သလို၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မိဘကမွေးပြီး လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နေသူ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက Razia Sultana လည်း ပါဝင်ခဲ့ပါတယ်။

Friday, March 8, 2019

အမျိုးသမီးရဲစွမ်း သတ္တိရှင်များဆု နော်ကညောဖောရရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
အောင်အောင်၊ 08 မတ်၊ 2019

အမေရိကန်နို်င်ငံခြားရေးဌာနက ချီးမြှင့်တဲ့ 2019 နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုကို မြန်မာနိုင် ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်းရရှိပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာမတ်လ ၇ရက်က ကျင်းပတဲ့ဆုပေးပွဲကိုနိုင်ငံခြားရေးဝန်ကြီး Mike Pompeo တက်ရောက်ချီးမြှင့်ပါတယ်။ ကိုအောင် အောင်ကပြောပြမှာပါ။

အမေရိကန်မှာ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-08

“နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ရ နော်ကညောဖောကို အမေရိကန်သမ္မတကတော် Melania Trump (ယာ) နှင့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ)တို့ ဆုချီးမြင့်စဉ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် “နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ချီးမြင့်ရာမှာ မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်း ရရှိသွားပါတယ်။

ဒီဆုဟာ ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသ မီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍတွေမှာ အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တွေကို ရွေးချယ်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */