" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာကိုယ်စားလှယ်. Show all posts
Showing posts with label မြန်မာကိုယ်စားလှယ်. Show all posts

Wednesday, March 15, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ မတ်လ ၂၀၂၃

 

၂၀၁ရခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ

 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ Teknaf မြို့ကို အဖွဲ့ဝင် ၁၇ ယောက် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော် မရှင်နာရုံး တာ ဝန်ရှိသူတွေက သတင်းဌာနတွေကို ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။ 

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */