TheVoiceWeekly Journal
13-Feb-2020ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာအတွင်းရှိ မူလတန်းလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။