Showing posts with label မသင်္ကာသူ. Show all posts
Showing posts with label မသင်္ကာသူ. Show all posts

Sunday, October 3, 2021

ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် မသင်္ကာသူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 အောက်တိုဘာ၊ 2021

လုပ်ကြံခံခဲ့ရတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah (လယ်)။ (သြဂုတ် ၂၅၊ ၂၀၁၉)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ မ သင်္ကာသူ ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူတွေကို ဖမ်းဆီးထား ကြောင်း Cox’s Bazar ဒေသ ရဲအရာရှိ Naimul Huq က AFP သတင်းဌာနကို ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။

ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohib Ullah ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ အခွင့်အရေးအတွက် ဦးဆောင်လှုပ် ရှား နေသူ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေအပေါ် မနှစ်သက်တဲ့ သဘောထားတင်းမာသူတွေရဲ့ အသက်အန္တရာယ် ခြိမ်း ခြောက်မှုတွေ အရင်ကတည်းက ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။ သူပစ်ခတ်ခံရတာ ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ Habib Ullah ကတော့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

 ARSA အဖွဲ့ကတော့ ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရတဲ့အပေါ် တုန်လှုပ်ဝမ်းနည်းကြောင်းနဲ့ သူတို့အဖွဲ့အေ ပါ် စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့လည်း တုံ့ပြန်ထားတာပါ။

သူသေဆုံးမှုကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေက ဝမ်းနည်းကြောင်းနဲ့ ရိုဟင်ဂျာတွေ အ ပေါ် အကာအကွယ်ပေးဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ် တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမယ့် ရခိုင် ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို ဖေ ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လိုဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။
Link: Here

Monday, June 24, 2019

AA အဖွဲ့ဝင် သံသယဖြင့် မကြာခင်ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိ

VOA  
ဗွီအိုအေ (မြန်မာဌာန)
24 ဇွန်၊ 2019
ကိုနိုင်ကွန်းအိန်
 ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)
 
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ အဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ တပ်မတော်က တနင်္ဂနွေနေ့မှာ သ တင်းထုတ်ပြန်ထားပါတယ်။ AA အဖွဲ့ကတော့ သူတို့ အဖွဲ့ဝင်တွေ အဖမ်းခံရတာ မရှိဘူးလို့ ငြင်းသလို အခု ဖမ်းဆီးခံထားရသူ တဦးရဲ့ ဖခင်ကလည်း သူ့သားဖြစ်သူဟာ AA အဖွဲ့ဝင် မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ 
 

Tuesday, November 22, 2016

( 22.11.2016 ) ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိ နှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့ ( English - Burmese )


 ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိနှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ် စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့

မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စုချဉ်းကပ်လာသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ် ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */