" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိသားစု. Show all posts
Showing posts with label မိသားစု. Show all posts

Friday, May 10, 2019

လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူများနှင့် မိသားစု များ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီး ခံထားရသူများနှင့် မိသားစုဝင်များ ပထမဆုံး အကြိမ် မေလ ၉ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့သည်ဟု မိသားစုများက ပြောကြားသည်။

“ စစ်တွေအမှတ်(၁)ရဲစခန်းမှာ မနေ့က တွေ့ခွင့်ရခဲ့တာပါ။ သူတို့ကို ကြည့်ရတာ စိတ်မကောင်းစရာပါဘဲ” စစ်ဆေးခံနေရသူတစ်ဦး၏ မိခင် ဒေါ်မတင်အေးက ပြောသည်။

ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာသား ၂၄ ဦးတွင် ဒဏ်ရာဒဏ်ချက်များရရှိထားသည်ကို တွေ့ရှိခဲ့ရ၍ စိတ်မကောင်းကြောင်း သူမက ပြောသည်။

Tuesday, April 9, 2019

အင်းစိန်ရောက် ဒေါက်တာအေးမောင်၊ ဝေဟင်အောင် တို့ မိသားစုနှင့်တွေ့

Myanmar
Now 
By ကျော်လင်း
8/04/2019

၂၀၁၅ ခုနှစ် ရခိုင်အမျိုးသားပါတီ စည်းရုံးရေးခရီးစဉ်တစ်ခုအတွင်း ဒေါက်တာအေးမောင် ဟောပြောနေစဉ် (ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ) 

ရခိုင်ပြည်နယ် စစ်တွေထောင်မှ ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခံနေရသည့် ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့သည် မိသားစုဝင်များနှင့် နေရာသစ်တွင် တွေ့ဆုံခွင့်ရခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */