" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အေမရိကန္သံရံုး. Show all posts
Showing posts with label အေမရိကန္သံရံုး. Show all posts

Tuesday, March 17, 2020

မြန်မာ့ လူ့အခွင့်အရေး ရန်ကုန် ကန် သံရုံး အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
17 မတ်၊ 2020
ရဲမင်းထွန်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေသူတချို့ (မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရ Ms. Aryani Manring က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ၀န်ခံပြောကြား ခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှု တခု လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်း ရာ မှာ သူက အခုလို စပြောပါတယ်။

Sunday, March 31, 2019

မြောက်ဦးအပါအ၀င် ၃ မြို့နယ်ကို ခရီးသွားဖို့မသင့်တဲ့ ဒေသအဖြစ် အမေရိကန်သံရုံး ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-31
ကိုသီဟထွန်း

 ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်
 

အစိုးရတပ်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးအပါအ၀င် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်တွေမှာ ဒေသတွင်း မငြိမ်မသက်တာတွေ ဖြစ်ပွားနေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ခရီးသွားလာဖို့ မသင့်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ထားတာလို့ မတ် ၂၉ ရက်နေ့က အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */