" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပြန်လည်လက်ခံရေး. Show all posts
Showing posts with label ပြန်လည်လက်ခံရေး. Show all posts

Tuesday, September 5, 2023

ရိုဟင်ဂျာ ခုနစ်ထောင် ပြန်လက်ခံမယ်လို့ စစ်ကောင်စီပြော

RFA
RFA Burmese
2023.09.05

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ် ကျင်းပစဉ်။ TANBIR MIRAJ / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက လူပေါင်း ခုနစ်ထောင်ကို အခုနှစ်အ တွင်း ပြန်လည်လက်ခံသွားမှာဖြစ်ပြီး လက်ခံရေးအစီအစဉ်ကို လာမဲ့ မိုးရာသီအကုန်မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေ တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒီနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောပါတယ်။

Monday, May 8, 2023

စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေး အစီအစဥ်ကို ဒုက္ခသည် တွေ လာရောက်လေ့လာ

BBC
ဘီဘီစီမြန်မာပိုင်း
၇ မေ ၂၀၂၃

ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး စခန်းတစ်ခုဖြစ်တဲ့ လှဖိုးခေါင်စခန်း


ရိုဟင်ဂျာ ဒုက္ခသည်အချို့ အခုလအတွင်း ပြန်လက်ခံနိုင်ရေးအတွက် စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာ တွေ ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်တွေက လာရောက်လေ့လာခဲ့ကြတယ် လို့ သိရပါတယ်။ 

မြန်မာဘက်က ပြန်လည်လက်ခံရေး အစီစဉ်အရ ပြန်လည်လက်ခံနိုင်တဲ့ စာရင်းတွေထဲ ပါဝင်တဲ့ ဒုက္ခသည်ကိုယ် စား လှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၅ ရက်က မောင်တောမြို့နယ်ကို ရောက်ရှိလာခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီအဖွဲ့မှာ ဒုက္ခသည် ၂၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အရာရှိအဆင့် ၇ ဦးတို့ပါဝင်ပြီး အဲ့ဒီအဖွဲ့ကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့ဖြစ်တဲ့ RRRC ကဦးဆောင်ပြီး ရောက်ရှိလာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Friday, May 5, 2023

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအမံကို ရိုဟင်ဂျာ အချို့ လာရောက်ကြည့်ရှု

Myanmar Now
မျိုးသစ်
May 5, 2023

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ICJ တရားရုံးတွင် တရားစွဲဆိုခံရမှုအတွက် ကန့်ကွက်လွှာ တင် သွင်းရတော့မည့်ရက် နီးကပ်လာချိန်တွင် စစ်ကောင်စီအစီအစဉ်အဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ တာဝန်ရှိသူ အချို့နှင့် ရိုဟင်ဂျာ ၂၀ ခန့် မောင်တောမြို့နယ်သို့ ရောက်ရှိလာသည်။ 

စစ်ကောင်စီ၏ အစီအစဉ်များကို လေ့လာရန် မောင်တောဒေသသို့ ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် ရိုဟင်ဂျာများကို ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
 

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခံထားရမှု အတွက် ကန့်ကွက်လွှာ တင်သွင်းရတော့မည့်ရက် နီးကပ်လာချိန်တွင် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်အစိုးရ တာ ဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာတချို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖိတ်ခေါ်ပြသသည်။

ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာ ၂၀ ခန့် ရခိုင်ပြည်နယ် မြောက် ပိုင်း မောင်တောမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

Friday, March 17, 2023

ရိုဟင်ဂျာပြန်လက်ခံရေး ကြန့်ကြာနေမှု ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီအပြစ်ပုံချ

RFA
2023.03.17
ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တစ်ဦး  Photo: Reuter
 

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် က ပျက်ကွက်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးနေပြီလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောဆိုထားပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးကတော့… မြန်မာနိုင်ငံဘက်က ထွက်ပြေးသွား တဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

Tuesday, March 14, 2023

စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံရေးအစီအစဉ် ယုံကြည်မှုနည်း

RFA
RFA Burmese
2023.03.14
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။hinese Embassy in Myanmar

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒုက္ခသည်တစ်ထောင်ကျော်ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေပြီး ပြန်လာသူတွေ အတွက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက RFA ကို ဒီနေ့ပြောပတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */