" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကန်နိုင်ငံခြားရေး. Show all posts
Showing posts with label ကန်နိုင်ငံခြားရေး. Show all posts

Thursday, May 14, 2020

မြန်မာ့လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို လူ့အခွင့်အရေးဖွဲ့ ၆၄ ဖွဲ့ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ေမ၊ 2020  
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေး ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ် စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

Tuesday, December 3, 2019

ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထားအပေါ် ကန်နိုင်ငံခြား ရေးဝန်ကြီး အမြင်

VOA 

ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
 
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆို သွားပါတယ်။ အမေရိကန် ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ် Louisville တက္ကသိုလ် McConnell စင်တာ မှာ လုပ်တဲ့ အခမ်း အနားတွင်းမှာ တနလာၤနေ့က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

Tuesday, July 30, 2019

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာ

အမေရိကန်ကွန်ဂရက် နိုင်ငံခြားရေးရာကော်မီတီ က -

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာမှာ ပါတဲ့အချက်တွေက -

(၁) မင်းအောင်လှိုင်၊ ဗိုလ်ချုပ် (၃) ဦးနဲ့ မိသားစုတွေကို အမေရိကားကို ခရီးသွားလာခွင့် ပိတ်ပင်တာက လုံလောက်တဲ့ ဒဏ်ခတ်အရေးယူမှု မဟုတ်တဲ့အကြောင်း

(၂) ဒီထက် ပြင်းထန်တဲ့ ဘဏ္ဍာရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ အခြား အကျိုးသက်ရောက်မှုရှိတဲ့ ဒဏ်ခတ်အရေး ယူမှု လုပ်ဖို့ အကြောင်း

(၃) ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နဲ့အစိုးရက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အမေရိကန်အစိုးရက - ဂျီနိုဆိုက် -- လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အကြောင်း

ဒီစာကို လက်မှတ်ထိုးထားတဲ့ထဲမှာ -- ဟိုတလောက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ အကာအကွယ် မပေးနိုင်ဘူးဆိုရင် အာရ်ကာန်ဒေသကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးလိုက်ဖို့ အဆိုတင်ခဲ့တဲ့ Brad Sherman လည်းပါတယ်။

Tuesday, April 30, 2019

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန်အတွင်းဝန် ပြောကြား

RFA
30 April 2019

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် ထိုင်းနိုင်ငံမှာ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

■ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေ ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည် နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူူက အခုလို ပြောကြားခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */