Showing posts with label မိုင်းပေါက်ကွဲ. Show all posts
Showing posts with label မိုင်းပေါက်ကွဲ. Show all posts

Friday, January 27, 2023

ရခိုင်တွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Myanmar Now
မျိုးသစ်
Published on Jan 27, 2023


တိုက်ပွဲရပ်ထားသည့် ရခိုင်ပြည်နယ်အတွင်း မိုင်းကြောင့် ဒေသခံတို့ ထိခိုက်မှုများ မကြာခဏဖြစ်နေပြီး လတ်တ လော ထိခိုက်သေဆုံးသူများထဲတွင် ကလေးများလည်း ပါဝင်နေသည်။ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှ မိုင်းထိမှန်သွားသည့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ABN)

 စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အဆက်မပြတ်ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုတို့ကြောင့် နှစ်ရက်အတွင်း ဒေသခံ နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ် ရာရရှိသွားသည်။

ယနေ့ (ဇန်နဝါရီ ၂၇ )၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးသန်းရွှေမောင်ဆိုသူ ရွာအနီး တောတောင်ထဲသို့ ထင်းခုတ်ရန် သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။

Wednesday, May 13, 2020

ဘူးသီးတောင်မှာ မိုင်းပေါက်ကွဲ၊ ကလေး နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-13
 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရ သေးပါဘူး။

Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ကလေးလေးဦး သေဆုံး

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020-01-07
ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ဦးကို သယ်ဆောင်လာစဉ်
Photo: CJ

 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

Monday, August 26, 2019

မောင်တောမှာ မိုင်းပေါက်ကွဲတဲ့နေရာအနီးက ကျေး ရွာကို တပ်မတော် ဝင်ရောက်စစ်ဆေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
26-08-26
ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်၊Photo: RFA
 
ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က မနက် ကိုးနာရီလောက်က မိုင်းဗုံးပေါက်ခဲ့ပြီး ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးရွာသာယာကို တပ်မတော်က ဝင်ရောက်စစ်ဆေးနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

Friday, July 26, 2019

မေယုကမ်း ချွတ်ပြင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲ၊ လယ်ထွန်နေသည့် ရွာသား ၃ ဦးခေါ်ဆောင်ခံရ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာ အ ကြား ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားရှိ လယ်ထွန်နေသူ စေတီ ပြင် ကျေး ရွာသား ၃ ဦးကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်နှင့်ရဲ ပူးပေါင်း စစ်ကြောင်း တစ်ခုက ခေါ်ယူ သွားသည်ဟု သတင်းရရှိသည်။

Saturday, June 29, 2019

ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲသံ နှင့်အတူ ပစ်ခတ်သံများကြား၍ ရွာသားထောင်နှင့် ချီပြီးထွက်ပြေးတိမ်းရှောင်

နိရဉ္စရာ၊
 ဇွန် ၂၉/ ၂ဝ၁၉
 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနှင့် လိုင်ဂွင်အကြား တံတားအနီးတွင် မိုင်း ပေါက်ကွဲသံများနှင့် အတူ လက်နက်ကြီး လက်နက်ငယ်သံ ပစ်ခတ်သံကြားရ၍ ရွာသားများ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သတင်းရရှိသည်။

Friday, May 31, 2019

မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */