" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုခါဆိုင်ကလုန်း. Show all posts
Showing posts with label မိုခါဆိုင်ကလုန်း. Show all posts

Sunday, May 21, 2023

ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဆိုင်ကလုန်း မိုခါ

VOA
ဆုမွန်
၂၁ မေ၊ ၂၀၂၃
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှု အားနည်းခဲ့တဲ့အတွက် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ဘေးဒဏ်ကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတွေထက် ရခိုင်စစ်တွေက ရိုဟင်ဂျာစခန်းတွေက ပိုခံခဲ့ရပြီး အထိခိုက်အသေဆုံး များပြားခဲ့တယ်လို့ ရိုဟင်ဂျာတွေကပြောပါတယ်။ မိုခါမုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာတွေရဲ့သေဆုံး ထိခိုက်ဒဏ်ရာရမှုက လက်ရှိကောက်ခံနေဆဲ မှတ်တမ်းစာရင်းတွေထက်ကို ပိုများပြားနိုင်ခြေ ရှိတယ်လို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တို့ စိုးရိမ်ချက် ကြုံနေရတဲ့ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Tuesday, May 16, 2023

"မိုခါ"ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခ သည် စခန်းမှာ အိမ်ခြေ ထောင်ချီပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ မေ၊ ၂၀၂၃  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ကလေးငယ်တဦးကို အမိုးပေါ်တွင်တွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ယာယီအိမ်ခန်း ထောင်နဲ့ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Teknaf နဲ့ Ukhiya ဒုက္ခသည်စခန်းတွေမှာ အိမ်ပေါင်း ၂၈၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။မုန်တိုင်းဒဏ် ခံရနိုင်တဲ့ အန္တရာယ်ရှိသူတွေကို အချိန်မီဘေးလွတ်ရာ ပြောင်းရွှေ့နိုင်တာကြောင့် အသက်ဆုံးရှုံးမှုတွေကို ကာ ကွယ်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က Twitter လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */