" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရက္ခိုင့်တပ်မတော်. Show all posts
Showing posts with label ရက္ခိုင့်တပ်မတော်. Show all posts

Thursday, April 18, 2019

မြောက်ဦးမှာ လက်နက်ကြီးထိမှန်လို့ သားဖနှစ်ဦးဒဏ် ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-18

 ဝဲဘက်လက်မောင်းမှာ လက်နက်ကျည်စထိမှန်ခဲ့တဲ့ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက မဌေးဌေးအောင် ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ရွာမှာရှိတဲ့ ဦးမောင်သန်းအေးနဲ့ မဌေးဌေးအောင်တို့ သားဖနှစ်ဦး လက်နက်ကျည်စ ထိမှန်ခဲ့ပါ တယ်။

Monday, April 8, 2019

စစ်ဘေးဒုက္ခသည် ၃သောင်းကျော်အထိ ရှိခဲ့

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုမင်းသိန်းအောင်
2019-04-08
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက RFA ကို ဒီနေ့ပြောပါတယ်။

Sunday, March 24, 2019

တန်းတူညီတူအခွင့်အရေးအတွက် ကြိုးပမ်းနေတာလို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
မအဲလိဇဘက်ဂျန်မာ
2019-03-24
ရက္ခိုင့်တပ်မတော် AA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို တွေ့ရစဉ်


ရက္ခိုင့်တပ်မတော် AA ရဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုပြိုကွဲရေးကို လုပ် ဆောင်နေတာ မဟုတ်ဘဲ တန်းတူညီတူ အခွင့်အရေးအတွက် ကြိုးပမ်းမှုသာဖြစ်တယ်လို့ AA ဒုတိယစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောလိုက်ပါတယ်။

Tuesday, March 19, 2019

မြောက်ဦးမြို့ကို ယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင် တွေစိုးရိမ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-18
ကိုကျော်သူ

 လက်နက်ကြီးကျည် ကျရောက်ထိမှန်ခဲ့တဲ့ အနောက်မြေထဲစေတီကို တွေ့ရစဉ်



 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ် ပွား နေလို့ မြန်မာ့သမိုင်းအမွေအနှစ် ယဉ်ကျေးမှုအဆောက်အဦးတွေ ပျက်စီးတာတွေရှိသလို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းမှုကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသခံ တွေ နဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်တွေက ပြောကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

Friday, March 15, 2019

စစ်တွေ- ရန်ကုန်ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်တာ ကြောင့် ၂ ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-15
 ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်တွေ- ရန်ကုန်ကားလမ်းဘေးတနေရာကို တွေ့ရစဉ်

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ဒဏ် ရာရရှိခဲ့တဲ့ ဒေသခံ ၂ ဦး ထဲက စိုးရိမ်ရတဲ့လူနာ ၁ ဦးကို စစ်တွေဆေးရုံကို မနေ့ညပိုင်းမှာ လွှဲပြောင်းကု သ \ပးနေကြောင်း လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Wednesday, February 27, 2019

AA က ဖမ်းသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့စခန်း မှူး ပြန်လွတ်လာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-27

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်

အခုလ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာပြီး ဒီနေ့ ညနေ ၅ နာရီခန့်မှာ သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */