VOA
အေးအေးမာ
၂၁ ဇန်နဝါရီ၊ ၂၀၂၅
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် Sai Kaew စိုင်ခေါ ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၂၁၊ ၂၀၂၅)
ထိုင်းနိုင်ငံတောင်ပိုင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ ရိုဟင်ဂျာ ၅၀ နီးပါး ဒီက နေ့ပဲ ရေကြောင်းကနေ ရောက်ရှိလာကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ မလေးရှားနိုင်ငံကိုသွားဖို့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံကမ်းခြေကို ရောက်လာကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။