VOA
09 ဇွန်၊ 2019
ဘင်္ဂလားဒေ့ရှ် Cox's Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)
မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ် ခံ မူဆလင် လူနည်းစုရဲ့ အမည်ကို အသိအမှတ်မပြုတဲ့ ကိစ္စတွေကို အရေးတယူ မပြောဘဲ ရိုဟင်ဂျာ ၅ သိန်း လောက် လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံကို ပြန်နိုင်လိမ့်မယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အ သင်း အာဆီယံရဲ့ အစီရင်ခံစာက ခန့်မှန်းပြောဆိုလိုက်တဲ့ အပေါ် လေ့လာသူတွေကကြား မယုံကြည် နိုင် ဖြစ်နေကြပါတယ်။AFP သတင်းအေဂျင်စီက လက်ခံရရှိတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ အရေးပေါ် တုံ့ပြန်အကဲဖြတ်ရေး အဖွဲ့က ရေး သားတဲ့ ပေါက်ကြားထွက်လာတဲ့ အစီရင်ခံစာကတော့ လာမယ့် သတင်းပတ်တွေ အတွင်း တရားဝင် ထုတ် ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

