" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သဲချောင်းအုန်းတော. Show all posts
Showing posts with label သဲချောင်းအုန်းတော. Show all posts

Sunday, May 21, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာရှစ်ဦးသေဆုံးခဲ့တဲ့ သဲချောင်း အုန်းတောရွာ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ သဲချောင်းအုန်းတော အကွက် (၁၀) မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာ ကလေးငါးဦး အပါအဝင် လူရှစ်ဦးသေဆုံးခဲ့ပါတယ်။

အသက် ၃၀ အရွယ် ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးရော်ဖိတ်ဟာ မေလ ၁၄ ရက် မိုခါမုန်တိုင်းကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်လေးဦးရဲ့ မြေစာပုံအနီးမှာ နေ့စဉ်လာရောက် အိပ်စက်လေ့ရှိပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */