" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘီဘီစီ မြန်မာ. Show all posts
Showing posts with label ဘီဘီစီ မြန်မာ. Show all posts

Wednesday, January 22, 2020

ရခိုင် အာဆာတိုက်ခိုက်မှု ပြစ်မှုကျူးလွန်သူတွေကို ဘယ်လို အရေးယူနိုင်သလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22
ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တပ်နဲ့ရဲတပ်ဖွဲ့အကူအညီနဲ့စစ်နိုင်တယ်လို့ဆို

ရခိုင်ပြည်နယ်မှာ အာဆာတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေမှာ ပါဝင်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့အညီ စုံစမ်း စစ်ဆေး၊တရားစွဲဆိုဖို့ ဆောင်ရွက်မယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၂၂ ရက်မှာကြေညာချက်ထုတ် ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲမှာ အာဆာလက်နက်ကိုင်အဖွဲ့တွေနဲ့ အလိုတူ ပူးပေါင်းပါဝင်ခဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေနဲ့ အရပ်သားတွေ ပါဝင်တယ်လို့ ICOE အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရာမှာ ဥပဒေကြောင်းအရ အချက်သုံး ချက် နဲ့ အရေးယူ ဆောင်ရွက်တာတွေ လုပ်နိုင်ကြောင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်တ ရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို အခုလို ပြောပြပါတယ်။


( ၁ ) အရပ်သားတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်တာတွေရခိုင်မြောက် ပိုင်းဒေသမှာ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် အာဆာကို ပြန်လည် နှိမ်နင်းရင်း ဖြစ်ပေါ်လာတွေနဲ့ ပတ်သက်လို့ အရပ်သားတွေက ကျူးလွန်ရင် ရှေ့နေချုပ်ရုံးက ၂၀၀၈ အခြေခံ ဥပဒေအရ အရပ်ဘက် တရားရုံး တွေက အရေးယူဖို့ ရှိတယ်။

အဲဒီလို အရပ်ဘက် ရုံးတွေကို တင်ပို့ရာမှာ ရှေ့နေချုပ်ရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့မဟုတ် သူတာဝန်ပေးတဲ့ အဖွဲ့အစည်းတွေကို တာဝန်ပေးပြီး အဲဒီအဖွဲ့တွေရဲ့ အစီရင်ခံစာကို မူတည်ပြီး ရှေ့နေချုပ်ရုံးက အရပ်ဘက် ရုံး တွေမှာ တရားစွဲနိုင်မယ်။

(၂ ) စစ်သားတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေကိုတော့ စစ်ဥပဒေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီး တရားစွဲနိုင်မယ်။ စစ်ခုံရုံးနဲ့ပဲ စစ်မယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အတည်ဖြစ် တယ်။ အပြီးအပြတ်ဖြစ်တယ်။

(၃) အာဆာနဲ့ အာဆာနဲ့ ပေါင်းပြီး အရပ်သား ဘင်္ဂါလီတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တော့ ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်။ သို့သော်လည်း စစ်ခုံရုံးက ကူညီရမယ်။

ရှေ့နေချုပ်ရုံးက အလုပ်နှစ်ခု ဖြစ်သွားတယ်။ တစ်ခုက သာမန်အရပ်သားတွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရှေ့နေချုပ်ရုံးက ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးစေပြီး တရားရုံးကို တင်ပို့တာ။

နောက်တစ်ခုက အာဆာကို အားပေးတဲ့ ဘင်္ဂါလီတွေကို စုံစမ်းစစ်ဆေးတာကို ထမ်းဆောင်တာလုပ်နိုင်တယ်။

ဘယ်သူက တရားစွဲမှာလဲ

ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီးရင် တရားလိုအဖြစ် ဆောင်ရွက်မယ့်သူက မြို့နယ်ဥပဒေရုံးတွေက စတင် စွဲတင်တာတွေ ဖြစ်လာနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပြစ်မှုကြီးတွေကိုတော့ ခရိုင်ဥပဒေရုံးက စွဲမယ်လို့ ပြောပါတယ်။

ရဲစခန်းမှာ လာတိုင်တဲ့ နစ်နာသူတွေဆီကနေလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်

ဘယ်ဥပဒေ၊ပုဒ်မတွေနဲ့ အရေးယူနိုင်မလဲ
ကျူးလွန်သူတွေကို အရေးယူရာမှာ အာဆာနဲ့ပတ်သက်တဲ့ အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။ အာဆာကို အားပေးသူတွေကိုလည်း အဲဒီ ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။

ရိုးရိုးအရပ်သားတွေက သာမန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လူသတ်မှု၊ အပြင်းထန်နာကျင်စေမှု၊ သာမန် ဒဏ်ရာရစေမှုတို့နဲ့ တခြားရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူနိုင်တယ်။

တရားစီရင်ရေး ဘယ်လောက်ကြာမြင့်နိုင်သလဲ

CMP (Case Management Program - မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်) စီမံချက်ချပြီး ဘယ်နေ့အပြီး၊ ဘယ်လအပြီး စီမံချက်နဲ့ အမှုတွေ စစ်နေတာဖြစ်လို့ အရင်ကလို ကြာမြင့်တာမျိုး မရှိနိုင်ဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။

ကျူးလွန်သူတွေကို ရှေ့နေချုပ်ရုံးက လက်တွေ့ စစ်ဆေးတဲ့အခါ နည်းလမ်း မှန်မှန်ကန်ကန်ဆောင်ရွက်ရင်လွယ် ကူနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ အကူအညီကို ရယူ ပြီး စစ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နစ်နာသူတွေက အမှုဖွင့်တာတွေ ရှိလာနိုင်လို့ ရဲစခန်းကို အမှုလာဖွင့်သူတွေကိုလည်း စစ်ဆေးတာတွေ လုပ်နိုင် တယ်လို့ ပြောပါတယ်။
အာဆာနဲ့ပတ်သက်တဲ့အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်တယ်

ICOE အစီရင်ခံစာကို အစိုးရနဲ့ တပ်ဘယ်လိုဆောင်ရွက်မလဲ

ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ အာဆာတိုက်ခိုက်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာ အကျဉ်းချုပ် ဇန်နဝါရီ ၂၁ ရက်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ NLD အစိုးရက ၂၀၁၈ မှာ ဖွဲ့ပေးခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ရဲ့ အဆုံးသတ် အစီရင်ခံစာ အကျဉ်းချုပ်ထွက်လာပြီးနောက် တစ်ရက်မှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။

ဒီအစီရင်ခံစာထဲက စစ်ရာဇဝတ်မှုတွေ ဖြစ်ခဲ့နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဥပ ဒေနဲ့အညီ ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

အခုလို ရှေ့နေချုပ်ရုံးက ကြေညာခဲ့တဲ့ နောက်တစ်ရက် ဇန်နဝါရီ ၂၃ မှာတော့ မြန်မာဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအစဉ်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက အဆုံးအဖြတ်ချမှတ်မှာပါ။

Link : Here

Sunday, January 12, 2020

ရခိုင်ပြည်နယ်အရေး ICOE အစီရင်ခံစာ အခုလထဲထွက် မယ်

B B C 
ဘီဘီစီ မြန်မာပိုင်း
2020.01.12
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သြဂုတ်လ ၁၅ရက်နေ့က တွေ့ဆုံခဲ့စဉ်


ရခိုင်ပြည်နယ်အရေးကို စုံစမ်းစစ်ဆေးဖို့ အစိုးရကဖွဲ့စည်းပေးခဲ့တဲ့ လွပ်လပ် သောစုံစမ်းစစ်ဆေးရေးကော် မရှင် ICOE အဖွဲ့ဟာ သူတို့ရဲ့နောက်ဆုံးအပြီး သတ်အစီရင်ခံစာကို ၂၀၂၀ ဇန်နဝါရီလထဲမှာ ထုတ်ပြန်သွား မှာဖြစ်ပြီး သမ္မတဆီလည်း တင်ပြသွားမယ်လို့် အဲဒီကော်မရှင်ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်း သက် က ဘီဘီစီ ကိုပြောပါတယ်။
ဒီလထဲမှာလည်း အိုင်စီဂျေက ကြားဖြတ်အရေးပေါ်စီမံမှုအတွက် ဆုံးဖြတ်ချက်ချ ဖို့လည်းရှိတဲ့အတွက် ဒီ အစီရင်ခံ စာကို နိုင်ငံတကာအသိုင်း အဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့် နေကြပါတယ်။

လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သက်တမ်းတစ်နှစ်ပြည့် ခဲ့ပေ မယ့် နိုင်ငံတော် သမ္မတရုံးက နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးထားပါတယ်။

ဒီလကုန်ရင် လည်းအဲဒီကော်မရှင် ဟာသက်တမ်းကုန်ပြီ ဖြစ်ပါတယ်။

လွတ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အဖွဲ့


ဒီအစီရင်ခံစာအတွက် ကွင်းဆင်းလေ့လာတဲ့အခါမှာလည်း လိုအပ်တဲ့ အကူအညီတွေကို တပ်မတော် က ကူညီခဲ့ တယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

ဒီအစီ ရင်ခံစာမှာ အရေးကြီးတဲ့ တွေ့ရှိချက်တွေဘာတွေပါလဲ၊ သမ္မတကဘယ် လိုညွှန်ကြား ဆောင် ရွက် သွားမလဲ ဆိုတာကိုတော့ ဒေါက်တာ အောင်ထွန်းသက်က ထုတ်ဖော် ပြောဆိုလို့မရသေးဘူးလို ဆိုပါတယ်။

ICOE ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့် နေကြ တယ် လို့် ဇန်နဝါ ရီ ၈ ရက်နေ့က ရန်ကုန်တက္က သိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး နဲ့ပတ်သက်လို့ အထူးဟောပြောချက်မှာမြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး စကော့ မာစီရယ်က သော စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။။


ဘင်္ဂလားဒေ့ရှ်ကို လည်း သွားရောက် စုံစမ်းခဲ့


ရခိုင်ပြည်နယ်က ရွာတချို့မှာ အရင်ကသတင်းထွက်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူအစု လိုက် သတ်ဖြတ်မှုအပါအဝင် စတဲ့အချက်အလက်တွေဒီအစီရင်ခံစာမှာပါမယ်လို့ မျှော်လင့်ပါတယ်လို့ စကော့မာစီ ရယ်က ပြောခဲ့ပါတယ် ။

လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့အစီရင်ခံစာထွက်လာရင် အဲဒီ အထဲမှာ လူ့အခွင့်အ ရေး ချိုးဖောက်မှုကို ကျူးလွန်တယ်လို့သံသယ ရှိသူတွေ ထဲမှာ တပ်မတော်စစ်သားကပါဝင်ရင် တိတိ ကျကျအ ရေး ယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ဘက်က ပြောဆိုထားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီးပြစ် မှု ကျူး လွန် တယ်လို့ ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ် ၌ စစ်တရားရုံး (Court-Martial)ဖြင့် စစ် ဆေးနေရာ တရားလိုပြသက်သေများကို စစ်ဆေးမှု ပြီးဆုံးလုနီးပါးအခြေအ နေတွင်ရှိ တယ်လို့ ဗိုလ်မှုး ချုပ် ဇော်မင်းထွန်းကပြောပါတယ် ။

နောက်ထပ်စစ်တရားရုံးတွေ ပေးလာနိုင်သလားဆိုတာကို တော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိ သေးပါ ဘူး ။

အချက်အလက်တွေကို မြန်မာ အင်္ဂလိပ် ဘင်္ဂလီ ရခိုင် ဘာသာတမျိုးမျိုးနဲ့ရေးသားပေးပို့ဖို့ဖိတ်ခေါ်
 
ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေက သူတို့ လုပ် ဆောင် မယ့် တာဝန်တွေနဲ့ ပတ်သက်လို့ ၂၀၁၈ သြဂုတ်လ ၁၆ရက်နေ့က နေပြည်တော်မှာ သတင်း စာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘယ်သူ့ မှာ တာဝန်ရှိသလဲ ဆိုတာကို ဒီကော်မရှင်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး အစိုးရ တာဝန် ရှိသူတွေ၊ တပ်မ တော်၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ အရေးကြီးတဲ့ နေရာတွေကိုသွားရောက် စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်မယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌ မစ္စ ရိုဆာရီယို မယ်နာလို က ပြောခဲ့ ပါတယ်။

စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကိုထွက်ပြေး သွားသူတွေနဲ့ တွေ ဖို့ ဘင်္ဂလားဒေ့ရှ်ကို လည်း သွားရောက် စုံစမ်းခဲ့တယ်လို့လည်း ကော်မရှင် အဖွဲ့ဝင် တွေဆီ ကသိရ ပါတယ်။

    
ရိုဆာရီယို မယ်နာလို ဘယ်လို ပုဂ္ဂိုလ်လဲ

Link : Here

Monday, December 30, 2019

မြန်မာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်း လျာထား

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဒီဇင်္ဘာ၂၀၁၉
မြန်မာအတွက် နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်းသုံးဖို့ ခွဲဝေလျာထား

မြန်မာနဲ့ ဆီရီးယားက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ကုလသမဂ္ဂရဲ့ စုံစမ်းရေး လုပ်ငန်း စဉ်တွေမှာ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ဘတ်ဂျတ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

Thursday, March 21, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာ ကန့်ကွက်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
2019 March'21 
 
ဓာတ်ပုံ မူပိုင် Reuters

ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်း ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ တဖက်သတ် ဖော်ပြထားချက်တွေ ဖြစ်တယ်လို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထောက်ပြ ပြောကြားလိုက်ပါ တယ်။

Friday, February 22, 2019

ချင်းပြည်နယ် ပလက်ဝက ရဲစခန်းတစ်ခုမှာ AA က လက်နက်တောင်းခံ

ဘီဘီစီ မြန်မာပိုင်း
22 ဖေဖေါ်ဝါရီ 2019
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်မတော် (အေအေ) အင်အား ၁၀ဝ နီးပါးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ သံတောင်ရွာကို ဝင်ရောက်ခဲ့ကာ ရဲစခန်းက စခန်းမှူး ကို ခေါ်ယူ လက်နက်တောင်းခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */