" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Confederate. Show all posts
Showing posts with label Confederate. Show all posts

Wednesday, March 27, 2019

ရခိုင်ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံးအဖြေရှာ ကြပါ

ဧရာဝတီ 
By ဧရာဝတီ 18 March 2019
Urgent Political Action Needed to Solve Rakhine’s Problems  ( ဘာသာၿပန္ )

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် တက်ရောက်လာစဉ် / ဧရာဝတီ

ဇန်နဝါရီလ ၄ ရက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အကြိုတွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲတပ်ဖွဲ့ စခန်း ၄ ခုကို တပြိုက်နက် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီး AA က နောက်လာမည့် ရက်သတ္တပတ်များနှင့် လများ အတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း နေပြည်တော်အစိုးရသို့ အချက်ပေးခဲ့သည်။ တိုက်လည်း တိုက်ခဲ့သည်။ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုဖြစ်ပွားစဉ် အတွင်း တပ်မတော်၏ ယာယီစစ်ဗျုဟာ စခန်းတခုကို သိမ်းပိုက်၍ စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း AA က ကြေညာခဲ့သည်။

Thursday, January 17, 2019

AA ရက္ခိုင့်တပ်မတော်တောင်းဆိုထားတဲ့ Confederate မူအပေါ်သုံးသပ်ချက်


AA ရက္ခိုင့်တပ်မတော် အပါအ၀င် မြန်မာနိုင်ငံ မြောက်ပိုင်း အင်အားကြီး တိုင်းရင်းသား လက်နက် ကိုင်အ ဖွဲ့တွေ ကိုင်စွဲတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာခွဲဝေမှု မြင့်မားတဲ့ Confederate ကွန် ဖက်ဒရိတ် ဆိုတဲ့မူဟာ လက်ရှိ မြန်မာအစိုးရနဲ့ တပ်မတော်တို့ သွားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စု မူနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိသလဲ။

Tuesday, January 15, 2019

Confederate ကို ဖော်ဆောင်ရင် ရခိုင်ပြည် သူ တွေ ထိခိုက်မှုများမယ်လို့ ISP ပြော

                                                          ISP ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇင် ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ကို Confederate ကိုယ်ပိုင် အချုပ်အခြာ အာဏာရှိတဲ့အဆင့်ထိ ရလိုကြောင်း AA စစ်ဦးစီးချုပ် ပြောကြားခဲ့တာဟာ လက်တွေ့နဲ့ကင်းကွာပြီး ဒီအချက်ကို နိုင်ငံရေးဦးတည်ချက်အနေနဲ့ ဖော်ဆောင်မယ် ဆို ရင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အလွန်များလာမှာ ဖြစ်သလို ရခိုင်ပြည်သူတွေ အထိအခိုက်များလာ မယ် လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့ လာရေး အင်စတီကျု ISP ရဲ့အမှုဆောင် ဒါရိုက်တာ ကိုမင်းဇင်ကပြောပါ တယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို “၀”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေ သလို အာဏာခွဲ ဝေမှုမြင့်မားတဲ့ Confederate အခြေအနေကို ပိုသဘောကျတယ်လို့ ဧရာဝတီ သတင်းဌာနမှာ ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */