" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အာဏာသိမ်းစစ်တပ်. Show all posts
Showing posts with label အာဏာသိမ်းစစ်တပ်. Show all posts

Thursday, December 21, 2023

ဓားသွားကြွေလို့ လှံလည်းခွေနေပြီဖြစ်တဲ့ အာဏာသိမ်း စစ်တပ်

DVB
December 20, 2023

တပ်ရင်းအလိုက် လက်နက်ချတယ်။ အလံဖြူထောင်လို့ အညံ့ခံတယ်။ မှားမှန်းသိလို့ အလင်းဝင်လာကြတယ်။ ဒါဟာ ယနေ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဖြစ်အပျက်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်တယ်။

ဘာ့ကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ့နှလုံး မသိမ်းကြုံးနိုင်ဘဲ ပြည်သူ့အမုန်း ခံယူနေကြလို့သာ ဖြစ်တယ်။ ပြည်သူတွေကို သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်တာလိုလို ခြိမ်းခြောက်တာလိုလိုနဲ့ လက်နက်ကိုင်ပြီး အ ကြောက်တရား ဖြစ်လာကြမလားလို့ ရက်စက်တဲ့ အပြုအမူတွေနဲ့ ရမ်းကားခဲ့ကြခြင်း‌ကြောင့် ဖြစ်တယ်။ လူငယ် တွေဟာ အချည်းအနှီး အသေမခံလိုဘဲ ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာတွေကို တော်လှန်တိုက်ခိုက်ရင်း အသေခံမယ်ဆိုတဲ့ နိုင်ငံအတွက် ပြည်သူလူထုအတွက် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေချပြီး ယနေ့အထိ စွန့်လွှတ်ခြင်းများ စွာနဲ့ တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်။

Friday, February 26, 2021

အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလ သမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-02-26


ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */