" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မော်လ်ဒိုက်. Show all posts
Showing posts with label မော်လ်ဒိုက်. Show all posts

Friday, February 28, 2020

ရိုဟင်ဂျာအမှု ICJ မှာ မော်လဒိုက် ရဲ့လျှောက်ထားချက် အလားအလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဖေဖော်ဝါရီ၊ 2020
ကိုဇော်ဝင်းလှိုင်
 ICJ နိုင်ငံတကာတရားရုံး 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကြားဖြတ် ဆောင်ရွက်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အဆိုပြုချက်ကို ICJ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ချက် ချထားပြီးဖြစ်တဲ့အတွက် Maldives နိုင်ငံက မကြာခင်မှာ ကြားဖြတ်အမှု တင်သွင်းမယ်လို့ ပြောလိုက်ခြင်းက ဒီအမှုကို ပြောင်းလဲသွားစေမှာမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Indiana တက္က သိုလ်က နိုင်ငံတကာ စစ်ရာဇ၀တ်မှုနဲ့ ရာဇ၀တ်မှုများဆိုင်ရာ ပါမောက္ခ Timothy Waters က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Thursday, February 27, 2020

အိုအိုင်စီအဖွဲ့ဝင် မော်လဒိုက်နိုင်ငံက မြန်မာကို အိုင်စီဂျေ တရားရုံးအမှုတွင် ပါဝင်တရားစွဲမည်

DVB 
27 February 2020

ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို တရားစွဲ ထားတဲ့အမှုမှာ ကြားဖြတ်ပါဝင်တရားစွဲမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အဖွဲ့ဝင် မော်လဒိုက်နိုင်ငံက ကြေညာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ (၄၃)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေးရဲ့ အဆင့်မြင့်ကဏ္ဍဆွေးနွေးတဲ့အပိုင်းမှာ မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗဒူလာရှာဟစ်က မြန် မာကို အိုင်စီဂျေမှာ တရားစွဲမယ့်အကြောင်း ကြေညာခဲ့တာလို့ မော်လဒိုက် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်လ် ဒိုက် က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်


TheVoiceWeekly Journal
26-Feb-2020
သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆


ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။

မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေ ညာ ခဲ့ခြင်း ဖြစ်သည်။

Wednesday, February 26, 2020

ရိုဟင်ဂျာအရေး ICJ မှာ မော်ဒိုက် ကြားဖြတ်အမှု တင်သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2020


မော်ဒိုက်နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ် အ မှုတင်တဲ့အကြောင်း ကြေညာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘော တူ ညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး၊ သူ့နိုင်ငံအနေနဲ့ ICJ တရား ရုံးမှာ ကြားဖြတ်အမှု တင်သွင်းခဲ့တာပါ။

ရိုဟင်ဂျာအရေး အိုင်စီဂျေမှာေ မော်လ်ဒိုက် တရားဝင် ပူးပေါင်း ၊ အမားလ် ကလူနီကို ရှေ့နေငှား


B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.26 
  မော်လ်ဒိုက်သမ္မတဟောင်းအတွက် အောင်အောင်မြင်မြင် ရှေ့နေလိုက်ပေးခဲ့ဖူးတဲ့ အမားလ် ကလူနီကို ငှားရမ်းထား


ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ICJ မှာ မြန်မာကို ဂမ်ဘီယာက တရားစွဲဆိုထားတာကို မော်လ်ဒိုက်နိုင်ငံက တရားဝင် ပူးပေါင်းပါဝင်မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါ့အတွက် ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေ အမားလ် ကလူနီကို ငှားရမ်းထားတယ်လို့လည်း ပြောပါ တယ်။

အိန္ဒိယသမုဒ္ဒရာထဲက တောင်အာရှကျွန်းနိုင်ငံ မော်လ်ဒိုက်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */