" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတိပေး. Show all posts
Showing posts with label သတိပေး. Show all posts

Tuesday, May 19, 2020

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားပြင်းမုန်တိုင်း ကြောင့် ရိုဟင်ဂျာစခန်းတွေမှာ သတိပေးချက် ထုတ်ပြန်


VOA
ဗွီအိုအေ (မြန်မာဌာန)
19 မေ၊ 2020
မဆုမွန်
ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် ဘင်္ဂ လားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ သတိပေးနေတဲ့အကြောင်းမဆုမွန် တင်ပြချင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင်း စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနေတဲ့ Amphan မုန်တိုင်းဟာ ဒီသီတင်းပတ်ထဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ကုန်းတွင်းပိုင်းကို ၀င်ရောက် လာနိုင်တယ်လို့ မိုးလေ၀သ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ ဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခ သည်စခန်းတွေမှာလည်း မုန်တိုင်းအန္တရာယ်အတွက် တာဝန်ရှိသူတွေက သတိပေးနေတယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။

Saturday, November 30, 2019

ရေလမ်းခရီးသွားလာမှု AA သတိပေးချက်ထုတ်ပြန်

VOA
 ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
ကိုနိုင်ကွန်းအိန်


ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင် လက် နက်ကိုင် တပ်ဖွဲ့ကို အကြောင်းကြားဖို့AA ဘက်က မနေ့က သတင်းထုတ်ပြန်ထားတာပါ။ မြန်မာစစ် တပ် ဘက်ကနေ အရပ်ဘက် လှေတွေကို အသုံးပြုပြီး စစ်လက်နက် တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။ ဒီလိုရေကြောင်း ခရီးသွားလာမှုကို ကန့်သတ်လာတဲ့အတွက် ဒေသခံ လှေသမားတွေနဲ့ ကုန်သည်တွေက အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသ တင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

Tuesday, August 13, 2019

ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့ သတိပေးချက်ထုတ် ( အချပ်ပို ပါသည်)

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-13
မာင်တောမြို့နယ် ကျီးကန်းပြင်က အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူရုံးမှာ ကင်းစောင့်နေတဲ့ ရဲတပ်သားတွေကို ၂၀၁၇ ခုနှစ်ကတွေ့ရစဉ်  Photo: Min Thein Aung/RFA
 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က သတိပေးချက်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါ ရီလ ၈ ရက်နေ့က ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်တွေအနေနဲ့ ရဲလုပ်ထုံးလုပ် နည်းတွေ ကို ကျော်လွန် မလုပ်ဖို့နဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေမလုပ်ဖို့ သတိပေးထားကြောင့် AA အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။

Thursday, July 18, 2019

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေ ပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံ စမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။ 

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အဆုံး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီ ကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပါမောက္ခ ယန်ဟီးလီက အဲဒီလိုပြောသွားတာပါ။ အဲဒီပြော ဆို ချက်တွေထဲက တချို့အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Monday, June 17, 2019

လူမျိုးရေးခွဲခြားဆက်ဆံမှုတွေမလုပ်ဖို့ မြန်မာအစိုးရကို UN သတိပေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-17

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ မြန်မာအစိုးရမူဝါဒကြောင့် ပါဝင်ပတ်သက်မှု မဖြစ်စေဖို့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားမယ်လို့ ကုလသမဂ္ဂက မြန်မာအစိုးရကို သ တိပေးပြောကြားလိုက်ပါတယ်။

Thursday, March 14, 2019

ရဲစခန်းများ၊ အရပ်ဖက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ် များအား တိုက်ခိုက်မှုများကို ရန့်တန့်ရန် အီးယူသတိ ပေး

မြန်မာတိုင်းမ်
စိုင်းဝဏ္ဏ 14 Mar 2019 | မြန်မာတိုင်းမ်နေ့စဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ


ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ခိုက်မှုများအတွင်း ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ)က မတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */