Showing posts with label နိုင်ငံတကာရေးရာ. Show all posts
Showing posts with label နိုင်ငံတကာရေးရာ. Show all posts

Sunday, October 29, 2023

ဂါဇာကမ်းမြောင်၌ စစ်ဆင်ရေး အရှိန်မြှင့်နေဟု အစ္စရေး စစ်တပ် ပြော

DVB
October 28, 2023

အစ္စရေးလေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေ ကြောင်း အစ္ စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၇ ရက် ရုပ်မြင် သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံးသူ ၈၈၀၀ ကျော် ရှိလာ

DVB
October 28, 2023

အစ္စရေး-ဟားမတ်စ် ပဋိပက္ခရဲ့ ၂၁ ရက်မြောက်နေ့အထိ ၂ ဖက်စလုံးမှာ သေဆုံးသူပေါင်း ၈,၈၀၀ ကျော်သွားပြီ လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ဂါဇာကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စုစုပေါင်း ၇,၄၃၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းပြည်သူများ ဂါဇာကမ်းမြောင် တောင်ဘက်ကို ရွှေ့ပြောင်းရန် အစ္စရေးထပ်သတိပေး

DVB
October 29, 2023

ပါလက်စတိုင်းတွေ ဂါဇာကမ်းမြောင်တောင်ဘက်ကို ရွှေ့ပြောင်းဖို့ အရေးပေါ် တောင်းဆိုချက်တစ်ရပ်ကိုအစ္စရေး စစ်တပ်က လူမှုကွန်ယက် မီဒီယာ Xပေါ်ကနေ အောက်တိုဘာ ၂၈ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ICRC ကယ်ဆယ်ရေး ယာဉ်တန်း ဂါဇာကိုဝင်ရောက်

DVB
October 29, 2023

အရေးပေါ်ဆေးဝါးနဲ့ ရေသန့်စင်စက်တွေကို တင်ဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကယ်ဆယ်ရေး ကုန်တင်ကား ၆ စီးဟာအောက်တိုဘာ ၂၇ ရက်က အီဂျစ်နိုင်ငံကနေ ဂါဇာကို ဝင်ရောက်ခဲ့ပါ တယ်။

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

Saturday, October 28, 2023

အစ္စရေးစစ်ပွဲက အီဂျစ်၊ လက်ဘနွန်နှင့်ဂျော်ဒန် စီးပွားရေးကို ခြိမ်းခြောက်နေ

CNI
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အစ္စရေးနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံ တို့တွင် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပွားစေနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ သုံးနိုင်ငံအတွင်း ဘဏ္ဍာရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများလည်း ပိုမို ဆိုးရွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

အစ္စရေးစစ်ပွဲသည် အရှေ့အလယ်ပိုင်းကို ကျော်လွန်ပျံ့နှံ့နိုင် ကြောင်း ပူတင်ပြော

CNI International News
မော်စကို၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသထက် ပိုမိုကျော်လွန်ပြီး ပျံ့နှံ့လာနိုင်သည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် အခြားသူများ၏ ရာဇဝတ်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ရောနှောပြီး အပြစ်ပေးခံနေရခြင်းသည် မှားယွင်းသည်ဟုလည်း ပူတင်က ပြောကြား ခဲ့သည်။

မြေပုံတွေကပြောပြတဲ့ ပိတ်ဆို့ခံ ဂါဇာဒေသခံတွေရဲ့ဘဝ

BBC
October 28' 2023 


လူပေါင်း ၂ ဒသမ ၂ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဟာ လူဦးရေသိပ်သည်းတဲ့ ကုန်းတွင်းပိတ် အရပ်ဖြစ်ပါတယ်။

အစ္စရေး-ဟားမတ်(စ်) စစ်ပွဲနဲ့ အာဆီယံ အခြေအနေ (သုတေသီတဦး သုံးသပ်ချက်)

VOA
ဗွီအိုအေ မြန်မာပိုင်း
ငြိမ်းချမ်းအေး
၂၈ အောက်တိုဘာ၊ ၂၀၂၃ 

မလေးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ ပါလက်စတိုင်းဘက်က ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ မြင်ကွင်း

အစ္စရေး-ဟားမတ်စ် အရေး အာဆီယံမှာ သဘောထားကွဲပေမယ့် တူညီတဲ့ သက်ရောက်မှုကတော့ အကြမ်းဖက်မှု အန္တရာယ် ဖြစ်နိုင်ခြေလို့ သုတေသီ တဦးက ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်း ချက်မှာ သတိပေးလိုက်ပါတယ်။ —

အစ္စရေး-ဟားမတ်စ် အရေး ဆက်ကြီးထွားလာပြီး ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းတွေ ပို ထိခိုက် လာမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်ပြီး မတည်မ ငြိမ် ဖြစ်လာနိုင်တယ်လို့ အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ တဦးက သတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ အပေါ် မြန်မာ အာဏာသိမ်း စစ်တပ် အပါအဝင် ဒေသတွင်းက ရှုမြင်ချက် နဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

Thursday, October 26, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုး စစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်းပြော

NPE
Fri, 10/27/2023
တဲလ်အဗစ် အောက်တိုဘာ ၂၆

အစ္စရေးတင့်ကားများနှင့် တပ်ဖွဲ့ဝင်များသည် ဂါဇာ ကမ်း‌မြောင်ဒေသရှိ ပါလက်စတိုင်းအစ္စလမ္မာစ် အုပ်စုဟား မားစ်တို့၏ စစ်ဘက်ဆိုင်ရာ အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဂါဇာ ကမ်းမြောင်ဒေသသို့ အောက်တိုဘာ ၂၅ ရက်ညက ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြား လိုက်သည်။

Tuesday, November 15, 2022

မူးယစ်ဆေးမှောင်ခိုဆိုသူများနှင့် မြန်မာနယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွား၍ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိတစ်ဦးကျ ဆုံး၊ ရခိုင်မြောက်ပိုင်းနှင့် ထိစပ်နေသည့် တစ်ဖက်နိုင်ငံအ တွင်း ဘင်္ဂလား ဒေ့်လုံခြုံရေးတို့နှင့် ARSA တို့အကြား ပစ် ခတ် မှုများ ဖြစ်ပွားခဲ့ဟု နယ်မြေခံဆို

နိုင်ငံတကာရေးရာ သတင်သုံးသပ်ချက်
(နိုဝင်ဘာ-၁၅၊၂၀၂၂) 

တိုက်ပွဲဖြစ်ပွားခြင်း မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်လူထုဆက်ဆံရေးဋ္ဌာန ISPR က ယနေ့နံနက်မှာ အချက်အလက်များနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ (ဘူးသီးတောင် မောင်တော) နဲ့ ထိစပ်နေတဲ့ ဂေါင်းဒုံ ယူနီယံအတွင်း တမ်ဘာရူနယ်မြေမှာ RAB , DGFI ပူးပေါင်းတပ်ဖွဲဝင်တို့နဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးသူများရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါဘူး

မော်တော်ယာဉ်ဖြင့် နယ်စပ်အနီး သွားလာနေစဉ် သေနတ်ထိမှန်တဲ့ RAB တပ်ဖွဲ့ဝင်ဟာ ည ၁၀ နာရီခန့်မှာ ကော့ခ်ဘဇား ဆက်ဒါဆေးရုံကို ရောက်ရှိလာပြီး သွေးထွက်လွန်နေတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဆေးရုံ တာဝန်ကျ ဒု-ရဲအုပ်က UNB သတင်းထောက်ကို အတည်ပြုပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း (တောင်ပြိုလက်ဝဲ) နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ခေါင်ချာရီနယ်မြေ အ တွင်းမှာလည်း အလားတူ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရပေမဲ့ ထိခိုက်သေဆုံးသတင်း မရရှိကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
                                                                        

Saturday, March 5, 2022

ယူကရိန်းစစ်ပွဲ- Zelensky သည် လေယာဉ်မပျံသန်းရဇုန်ကို ငြင်းပယ်ခြင်းအတွက် နေတိုးကို ပြစ်တင်ရှုတ်ချသည်။

BBC News
5th March 2022 


 

ယူကရိန်းသမ္မတသည် နိုင်ငံတစ်ဝှမ်းတွင် လေယာဉ်မပျံသန်းရဇုန် အကောင်အထည်ဖော်ရန် ငြင်းဆိုမှုနှင့်ပတ် သက်၍ နေတိုးခေါင်းဆောင်များကို တိုက်ခိုက်ခဲ့သည်။

ပြင်းထန်သော မိန့်ခွန်းတွင် Volodymyr Zelensky က အနောက်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ရန် တွန့်ဆုတ်နေ ခြင်း သည် မြို့ရွာများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ရန် ရုရှားအား မီးစိမ်းပြစေသည်ဟု ပြောကြားခဲ့သည်။

မပျံသန်းရဇုန်သည် မော်စကိုနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဟု နေတိုးက စောဒကတက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါလုပ်ရပ်ကို "ထိုနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်း"ဟု ရှုမြင် ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */