" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 1826. Show all posts
Showing posts with label 1826. Show all posts

Sunday, February 27, 2022

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ

 ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ


ရက်စွဲ 1823–1826
နေရာ မြန်မာ–အိန္ဒိယ
ရလဒ် ဗြိတိသျှစစ်နိုင်၊ရန္တပိုစာချုပ်၊အာသံ၊ မဏိပူရ၊ ရခိုင် နှင့် တနင်္သာရီဒေသတို့အားဗြတိသျှအားပေးအပ်ရ။
စစ်ရင်ဆိုင်သည့် နိုင်ငံများ
ယူနိုက်တက်ကင်းဒမ်း Flag of the Alaungpaya Dynasty of Myanmar.svg ကုန်းဘောင်အင်ပါယာ
တပ်မှူးများနှင့် ခေါင်းဆောင်များ
Charles Grant
Sir Archibald Campbell သာရာဝတီမင်း
မဟာဗန္ဓုလ (ကျဆုံး)
မဟာနေမျိုး (ကျဆုံး)

ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ် မြန် မာ စစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ၊ ရခိုင် နှင့် တနင်္သာရီဒေသ တို့ကို အင်္ဂ လိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ ဓနုဖြူ တိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ် နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။ ထိုစစ်ပွဲသည် မြန်မာဘုရင်ပိုင်နက်နှင့် အချုပ်အချာအာဏာ ကျရုံးရန် အဓိက အကြောင်းအရင်း ဖြစ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */