သန်းဝင်းလှိုင်
မေ ၁၃၊ ၂၀၁၂
အငြိမ်းစားဗိုလ််ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ် လာသည်။