" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမ်းမြို့. Show all posts
Showing posts with label အမ်းမြို့. Show all posts

Sunday, July 21, 2019

တပ်မတော် စစ်ရေယာဉ်တွေကို AA အဖွဲ့တိုက်ခိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-20

ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA

                                      


ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Monday, May 13, 2019

ကျောက်တော်-ပလက်ဝနဲ့ အမ်းမြို့နယ်မှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13

ပလက်ဝမြို့ အ၀င်ဝကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့ တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက် အမ်းမြို့ နယ်မှာ တိုက်ပွဲဖြစ်

B B C
ဘီဘီစီ မြန်မာပိုင်း
12 မေ 2019
တပ်မတော်နဲ့ အေအေအကြား ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ မေလ ၁၂ ရက်မှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်မှာပါ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Sunday, May 12, 2019

အမ်းမြို့နယ် ဓာတ်တော် ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်ပစ်သံများကြားရ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂ /၂၀၁၉
ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ တန်းတင် ကျေးရွာအုပ်စု ညောင် ချောင်းကျေးရွာနှင့် အောင်သပြေ (ဓါတ်တော်)ကျေးရွာကြား ကျွဲကူး-တောင်ကုတ် ကားလမ်း အထက် တောင်ကြောပေါ်တွင် မေလ ၁၂ ရက် ယနေ့ နံနက်က လက်နက်ကြီး ပစ်ခတ်သံများနှင့် အတူ သေနတ်သံ များကြားရကြောင်း ဒေသခံများက ပြောသည်။

Wednesday, April 17, 2019

အမ်းမြို့နယ် လက်နက်ကြီးကျည်ကျမှု မိခင်သေဆုံး၊ သမီးဒဏ်ရာရ

VOA
ဗွီအိုအေ (မြန်မာဌာန)
17 ဧပြီ၊ 2019
မသိင်္ဂီထိုက်
အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့ မှ ဦးဇင်းရို့ က လက်နက်ကြီးကျည်ကျမှု ကြောင့် ဒဏ်ရာရ အမျိုးသမီးကို အလှူငွေပေးအပ်စဉ် (ဓါတ်ပုံ- အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့)
ရခိုင်ပြည်နယ် အမ်းမြို့နယ် ၀ါးကြီးတောင် ကျေးရွာ၊ ယာခင်း အတွင်းကလူနေအိမ်တွေအပေါ် မြန်မာစစ် တပ် ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူ အမျိုးသမီးကိုတော့ တပ်မတော်နဲ့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထောက် ပံ့ ငွေ လာပေးခဲ့ပြီး နောက်ထပ် အရေးယူ ဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့လည်း အခွင့်အ ရေး လှုပ် ရှားမှု အဖွဲ့တခုက ပြောဆိုထားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */