Sunday, July 28, 2019
Thursday, June 27, 2019
တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာတရွာ လုံးနီးပါး ထွက်ပြေးရ
2019-06-26
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့မနက်က မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့် တပ်တော်တို့ တိုက်ပွဲဖြစ်တာကြောင့် ဆင်သီရွာက လူဦးရေ ၂၈ဝဝ ကျော် ဘေးလွတ်ရာကို ထွက် ပြေးသွားကြတယ် လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါ တယ်။
Tuesday, June 11, 2019
ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ဝင်ရောက်စစ်ဆေး
ကိုနိုင်ကွန်းအိန်
11 ဇွန်၊ 2019
ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်း ကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန် ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ် သူတွေ ရှိနိုင်တယ် ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ရှာဖွေဖို့ ပြီးခဲ့တဲ့ရက်တွေမှာ စစ်တပ်က ဝိုင်းထားတဲ့အတွက် လုံခြုံရေး စိုးရိမ်တာကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ကတော့ စခန်းကနေ ထွက်ခွာသွား တယ်လို့ လည်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။
Monday, June 10, 2019
စစ်ဘေးရှောင်များခိုလုံနေသော ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်းကို စစ်ဆေးရန် စစ်ကြောင်း တစ်ခု ရောက်ရှိသဖြင့် စိုးရိမ်မှုများမြင့်တက်နေ
ခိုင်လူလှ
နိရဉ္စရာ၊ ဇွန်လ ၁၀/ ၂၀၁၉
လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကျေးရွာသား ၇၀၀ ကျော်ရှိနေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်း ပတ်ပတ်လည်တွင် ရဲတပ်ဖွဲ့ဝင် တစ်ချို့အပါအဝင် တပ်မတော်မှ စစ်ကြောင်း တစ်ခုရောက်ရှိနေသဖြင့် ဒုက္ခသည်များအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
Saturday, June 8, 2019
ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်စစ်ရှောင်စခန်း သို့ ဝင်ရောက်ခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြင့်တက်
နောင်ခိုင်အောင်
စစ်တွေ၊ ဇွန် ၇/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် စစ်ဘေးရှောင် စခန်းသို့ ထွက်ပြေးခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြှင့်တက်လာကြောင်း သတင်းရရှိသည်။
Thursday, June 6, 2019
လက်နက်ကြီးပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
လွတ်လပ်တဲ့ အာရှအသံ
2019-06-06
Sunday, June 2, 2019
ပုဏ္ဏားကျွန်းမှာ တပ်မတော်ကခေါ်သွားတဲ့ ရာအိမ်မှူး နှစ်စ်ယောက် ပြန်လွတ်
လွတ်လပ်တဲ့ အာရှအသံ
2019-06-02
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
Saturday, June 1, 2019
ဆင်သီရွာသားများအားစစ်ဆေးပြီးနောက် စစ်ကြောင်း ပြန်လည်ထွက်ခွာသွား
နိရဉ္စရာ၊ ဇွန်လ ၁ / ၂၀၁၉
“ ရွာသားတွေကိုတော့ တစ်စုံတစ်ရာ အနှောင့်အယှက်ပေးတာ မရှိခဲ့ပါဘူး။ အထက်က အမိန့်အရ စစ်ဆေး ရတာလို့ ပြောပါတယ်။ အိမ်တစ်ချို့ကိုလည်း ရှာဖွေ စစ်ဆေးခဲ့ပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးက ပြော သည်။
Monday, March 11, 2019
AA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြန်မာအစိုးရ လမ်းဖွင့် ထား
ကောင်းစံဟိန်း
Sunday, March 10, 2019
AA တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်း တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး
လွတ်လပ်တဲ့ အာရှအသံ
2019-03-10
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးက ယိုးတရုတ်ကျေးရွာ ရဲစခန်းကို မနေ့ ည ၁၁ နာရီကျော်လောက်က AA ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ ပါတယ်။









