Showing posts with label ဘာသာရေးလွတ်လပ်ခွင့်. Show all posts
Showing posts with label ဘာသာရေးလွတ်လပ်ခွင့်. Show all posts

Monday, August 9, 2021

ဘာသာရေးလွတ်လပ်ခွင့်သည် ကန်နိုင်ငံခြားရေးဝါဒ၏ သော့ချက်တရပ် ဖြစ်သည်

VOA
အမေရိကန်အစိုးရမူဝါဒ
August 05, 2021
U.S. Ambassador to the U.N. Samantha Power addresses the media following a Security Council vote aimed at ensuring that U.N. officials could monitor evacuations from the Syrian city of Aleppo, Dec. 19, 2016.

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ အပြန်အလှန်နားလည်မှုကို လေးစားလိုက်နာကြရေး၊ ကျယ်ကျယ် ပြန့်ပြန့် အားပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုက သံဓိဌာန်ချမှတ်ထားပါတယ်။ ဒါဟာ အမေရိကန် တွေရဲ့ ခံယူချက်ကို ထင်ဟပ်ရုံတင်မကအမေရိကန်ပြည်တောင်စုရဲ့ မဟာဗျူဟာမြောက် အမျိုးသားအကျိုးစီး ပွားနဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခရာကျတဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်လို့ USAID - အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Samantha Power က အခုလိုပြောပါတယ်။

Thursday, December 10, 2020

မြန်မာနိုင်ငံအား ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှု စာ ရင်းထဲ အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထည့်သွင်း

BNI Media Broup
ချင်းဝေါလ်
Thursday, December 10, 2020ဒီဇင်ဘာလ (၇) ရက်နေ့တွင် ၂၀၂၀ ခုနှစ်၏ ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုရှိသော နိုင်ငံများစာရင်း၌ နိုင်ဂျီးရီးယားနိုင်ငံအား ထပ်မံထည့်သွင်းကြောင်း အမေရိကန်ပြည်ထောင်စုအစိုးရမှ ကြေညာပြီး၊ ယင်းစာရင်း တွင် မြန်မာနိုင်ငံအားလည်း ဆက်လက်ထည့်သွင်းထားမှုအား တွေ့ရသည်။

Wednesday, December 9, 2020

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့ နိုင်ငံတွေထဲ ကန် ထည့်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဒီဇင်ဘာ၊ 2020  
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်ရာမှာ အထူး စိုးရိမ်ရတဲ့ နိုင်ငံ တွေအဖြစ် ထည့်သွင်း သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၇ ရက်နေ့ ရက် စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Friday, August 28, 2020

ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရိုဟင်ဂျာအရေး အွန်လိုင်းဆွေးနွေးကျင်းပ

28 သြဂုတ်၊ 2020 
 ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရိုဟင်ဂျာအရေး အွန်လိုင်းဆွေးနွေးကျင်းပ (ဓါတ်ပုံ- USCIRF)

အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည် စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေကို အွန်လိုင်း ကနေ မနေ့ ကြာ သပတေးနေ့က ဆွေးနွေးခဲ့ပါတယ်။

Friday, June 12, 2020

မြန်မာ့ဘာသာရေးလွတ်လပ်ခွင့် ကန်အစီရင်ခံစာပေါ် ပြည် တွင်းက ဘယ်လိုတုံ့ပြန်သလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
11 ဇွန်၊ 2020
မေခ

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဘာသာ ရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲ မြန်မာကို ဆက်လက်ထည့်သွင်းထားတာနဲ့ ပတ် သတ်လို့ ပြည်တွင်းတုံ့ပြန်မှုတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြပေးပါမယ်။

Thursday, June 11, 2020

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုစာရင်းထဲ မြန်မာပါ နေဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန))
11 ဇွန်၊ 2020 
၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ တုန်းက ရန်ကုန်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်စဉ် (AFP)
 

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တာမှာ မြန်မာနဲ့ တရုတ် အပါအဝင်နိုင်ငံတချို့ကို ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းထားပါတယ်။

Thursday, June 4, 2020

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် မြင့်တင်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ USAID ပြော

VOA   
ဗွီအိုအေ (မြန်မာပိုင်း)
04 ဇွန်၊ 2020  


အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အနေနဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်တယ်လို့ USAID ရဲ့ ယာယီ အကြီးအကဲ John Barsa က မေလ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Wednesday, April 29, 2020

ကန် အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နိုင်ငံစာရင်းမှာ မြန်မာ ပါနေဆဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
30 ဧပြီ၊ 2020  
 ၂၀၂၀ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) အစီရင်ခံစာ

မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ် ပြန် တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဆက်လက် ထည့်သွင်းထားဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြု လိုက် ပါတယ်။

Saturday, December 21, 2019

ဘာသာရေးလွတ်လပ်ခွင့်အတွက် အစိုးရ ယန္တရားတွေ ပါဝင်လုပ်ဖို့လို

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဒီဇင်ဘာ၊ 2019
မဆုမွန်
အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ။

မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရမယ်၊ အစိုးရယန္တရားတွေ အနေနဲ့လည်း ဘာသာရေးဆိုင် ရာ ဖိနှိပ်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံ တကာရဲ့ ဝေဖန်မှုတွေ လျော့ပါးသွားမယ်လို့ မြန်မာနိုင်ငံတွင်းက ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျ ချိုးဖောက်နေဆဲ ဖြစ်တယ်ဆိုပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့ ကမ္ဘာ့နိုင်ငံများစာရင်း ၂၀၁၉ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမေရိကန်က ဆက်ပြီး ထည့်သွင်းလိုက်ပါတယ်။ ဒီလိုထည့်သွင်းခံရတာနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှု လွတ်လပ်ဖို့ လှုပ်ရှားတောင်းဆိုသူတွေရဲ့ သဘောထား အမြင်တွေကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့်အပေါ် အမြင်တချို့

VOA  
ဗွီအိုအေ (မြန်မာဌာန)
21 ဒီဇင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
ဇွန်လကထုတ်ပြန်သည့် အမေရိကန်နိုင်ငံခြားရေးဌာန ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ။ (ဇွန် ၂၀၁၈)
 
 မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်ဆိုတာ မှန်ကန်တယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသား တချို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အစိုးရရဲ့ မူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။

Saturday, August 24, 2019

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင္ဂ်ာအမ်ိဳးသမီး ဒုကၡသည္မ်ား။
Photo: AFP
■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မ တော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။

Friday, July 12, 2019

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ညီလာခံ ရိုဟင်ဂျာတွေ ဖိတ်ကြား

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇူလိုင်၊ 2019
 အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback (မတ်၊ ၁၁၊ ၂၀၁၉)
 
ကမ္ဘာတဝှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့ သီတင်းပတ်အတွင်း ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြော ပါတယ်။ အခု ကျင်းပမယ့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံကို ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံပေါင်း တဒါဇင် ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း အမေရိကန် ဘာသာရေး လွတ် လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ပြောပါတယ်။

Saturday, June 22, 2019

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စာရင်း မြန်မာ ပါဝင်

VOA  
22 ဇွန်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ
 
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ ဘာ သာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ မြောက်ကိုရီးယား၊ အီရန်၊ ရုရှား၊ မြန်မာနဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတချို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပြီး ဥဇ်ဘက်စ်-ကစ္စတန် နိုင်ငံကိုတော့ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ကို လေးစားလိုက်နာတဲ့နေရာမှာ တိုးတက်မှု ရှိလာတယ်လို့ ချီးကျူးထားပါတယ်။

Friday, June 21, 2019

၂ဝ၁၈ခုနှစ် မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-06-21
 ရာမဇန် ဥပုသ်လအတွင်း ဘုရားရှိခိုးကျာင်းတခုမှာ ဝတ်ပြုနေသော အစ္စလာမ်ဘာသာဝင်များ။ 
Photo: AFP
 အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ သန်းခေါင်စာရင်းအရ လူဦးရေ ၅၅.၆ သန်းရှိတဲ့အနက် ထေရဝါဒ ဗုဒ္ဓဘာသာဝင်က ၈၈ ရာခိုင်နှုန်း၊ ခရစ်ယာန်(အများစု၊ ဘက်တစ်၊နဲ့ ရိုမန်ကက်သလစ်) က ၆ ရာ ခိုင်နှုန်း၊ မွတ်စလင် အထူးသဖြင့် ဆွန်နီက ၄ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

Wednesday, May 22, 2019

မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့် နှင့် အစွန်း ရောက်ဝါဒ

VOA
ဗွီအိုအေ (မြန်မာဌာန
သတင်းသုံးသပ်ချက် 
22 မေ၊ 2019
ဦးကျော်ဇံသာ
 -----

မြန်မာနိုင်ငံမှာ ပုဂ္ဂိုလ်တချို့ရဲ့ အစွန်းရောက်မှုကြောင့် တိုင်းပြည်သိက္ခာကျဆင်းပြီး ဗုဒ္ဓသာသနာ ညှိုးနွမ်း ဖွယ်ဖြစ်နေတယ်လို့ စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) လို့ လူသိများတဲ့ ဆရာတော် ဦးဣဿရိယ က မိန့်ပါတယ်။ ဒီလုပ်ရပ်ကို ဟန့်တားဖို့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကိုလဲ ဆရာတော် က ထောက်ပြ မိန့်ဆိုပါတယ်။ အသေးစိတ်ကို ဆရာတော် ဦးဣဿရိယ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ပါ တယ်။

Tuesday, April 30, 2019

မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားဖိနှိပ်မှုရှိနေဆဲ

VOA  
ဗွီအိုအေ (မြန်မာဌာန
30 ဧပြီ၊ 2019
အိသန့်စင်
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံထားပေမယ့်လည်း ဘာသာရေးအရ ခွဲခြားဆက် ဆံမှုတွေ ရှိနေတုန်းပဲလို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားနေသူတွေက ရှုမြင်နေပါတယ်။ မြန်မာအပါ အဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုနိုင် ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ မအိသန့်စင် တင်ဆက်ပေး ပါလိမ့်မယ်။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ဖွယ်ရာ နိုင်ငံများစာရင်းမှာ မြန်မာပါဝင်

VOA  
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019  
အင်ကြင်းနိုင်
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက် မှုနိုင် ငံတွေအဖြစ် မနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့် ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */