VOA
ဗွီအိုအေ (မြန်မာပိုင်း)10 ဇူလိုင်၊ 2020
ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားရဲက မှတ်ပုံတင် စိစစ်နေစဉ်
အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကြူး ဂုဏ်ပြုကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။