B B C
နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ကိုပါ ထည့်သွင်းစဉ်းစားဖို့ CRPH ခေတ္တ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။
ဘီဘီစီမြန်မာပိုင်း
၁၀ ဧပြီ ၂၀၂၁
မြန်မာ့အရေးမှာ အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အားထုတ်မှုအခန်းကဏ္ဍ အရေးကြီး တဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲ ရုရှားနိုင်ငံကလွဲလို့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ် နဲ့ တရုတ်နိုင်ငံတို့က အလေးထားပြောသွားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်က သဘာပတိလုပ်တဲ့ မြန်မာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲ Arria မှာ ကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေ အွန်လိုင်းကနေ ပါဝင် ဆွေးနွေးကြချိန်မှာ အခုလို ပြောသွားကြတာပါ။